ငါးကြင်းခေါင်းလေး တစ်ခြမ်း.....

418 5 0
                                    


" အစ်မရေ ချောင်းပုစွန်တွေ ကျော့တွေ ကျော့တွေ ၁၀ သားမှ ၁၅၀၀ ပဲ အစ်မရေ ယူဦးမလား.... "

ကော့နေတဲ့ပုစွန်ပုံကြီးကိုကြည့်ပြီး အိမ်ကသမီးအငယ်မ ပုစွန်သိပ်ကြိုက်တာကို သတိရလိုက်ပေမယ့် မသက် လက်ထဲမှာတင်းနေအောင်ဆုပ်ထားတဲ့ ငွေ ၃ထောင်ကို မျက်နှာ
ငယ်စွာကြည့်ကာ ငါးတန်းထဲဆက်လျှောက်လိုက်ရသည်။

" ညီမလေး ဒီပုစွန်ပုံလေး ဘယ်လောက်လဲကွယ်..... "

" ၁၅၀၀ ပါ အစ်မ.... "

စျေးခုံပေါ်က ခုန်ပျံနေတဲ့ချောင်းပုစွန်တွေကပဲ စျေးကြီးသည်မဟုတ် နီတာရဲပြီးပျော့ခွေနေတဲ့ ရေခဲရိုက်ပုံစွန်အပုံလေးရဲ့စျေးကလဲ မသေးလှ....

ငါးတန်းထဲကို ဘယ်ညာ ရှေ့နောက် ခြေတိုအောင်လျှောက်နေပါသော်လဲ အခုထိ ဟင်းချက်စရာ မဝယ်ရသေး.....

" ဘဲဥ ဘယ်လိုရောင်းလဲ အကား.... "

" တစ်ထောင်ဖိုး ၄ လုံး..... "

ဘဲဥဆိုင်ရှေ့က မသက်ပြန်လှည့်ထွက်လာဖို့လုပ်ပြီးမှ ဘဲဥဗန်းဘေးက ခဝဲသီးတွေကိုတစ်ချက်လက်ညှိုးထိုးပြီး....

" အကား ခဝဲသီးတစ်တောင့် ဘယ်လောက်လဲ.... "

" တစ်တောင့် ၃၀၀ နှစ်တောင့်ယူ ၅၀၀ ပဲပေး... "

" ဟုတ်ကဲ့.... "

မသက် ချွေးစေးပြန်နေတဲ့ လက်နဲ့ ခြင်း
တောင်းကိုပြောင်းကိုင်လိုက်ပြီး ပိုက်ဆံကိုလက်ပြောင်းကိုင်လိုက်ကာ ငါးတန်းထဲ နောက်တစ်ကြိမ်ထပ်ဝင်လာခဲ့လိုက်တော့သည်။

" အစ်မ ငါးကြင်းခေါင်း ဘယ်စျေးလဲ..... "

" ၁၂၀၀ စျေးညီမရေ.... ငါးခေါင်းတွေလတ်တယ်.... "

" ကျွန်မကို ၅၀ သား ချိန်ပေးပါ.... "

ငါးကြင်းခေါင်း ၅၀ သားဝယ်ပြီး ပိုတဲ့ ၂၄၀၀ ကိုဆီလေး ၂၅ကျပ်သားဝယ်လိုက်တော့ လက်ထဲ အကြွေ ၁၅၀ သာကျန်တော့သည်မို့
သူမ သိပ်ကြိုက်တဲ့ ငါးပိရည်ကျိုမွှေးမွှေး၊ တောငရုတ်သီးအကျက်မှုန့် နဲ့ ချဥ်ဖတ်စုံတို့စရာဆိုင်ရှေ့က ခပ်လေးလေးခြေလှမ်းတွေနဲ့သာ ဖြတ်ပြန်လာခဲ့ရတော့သည်။

ဝတ္ထုတိုများ..... Where stories live. Discover now