တိုးတိတ်စွာ ကြွေလွင့်ခြင်း

841 5 0
                                    

" မင်း ဘယ်သူလဲ.... "

" အို... "

သူမ....

ကြားလိုက်ရတဲ့ အသံချိုမြမြကြောင့် တုန်ရီသွားရသည် တဆတ်ဆတ်တုန်ခါလာတဲ့နှုတ်ခမ်းဖူးဖူးလေးတွေကို လျှာနဲ့သပ်ရင်း အနောက်ဘက်ကို ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်တော့ အနီရောင်မျက်လုံးတစ်ဖက် အပြာရောင်မျက်လုံးတစ်ဖက်နဲ့ သူမကိုလှမ်းကြည့်နေတဲ့တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရပြီ.......

ရွှေရောင်နဲ့ခရမ်းရင့်ရောင်ဆံနွယ်တွေက လည်ကုတ်နားမှာလွင့်နေပြီး ခါးမှာရှိတဲ့စည်းကြိုးဟာလဲ သူ့အင်္ကျီကလိုခရမ်းရောင်ပဲမို့ သူမ စိုးရိမ်စိတ်တွေကင်းစင်ကာ ပြုံးမိသွားခဲ့ရသည်။

ရွှီ ရွှီ ရွှီ......

ခပ်တိုးတိုးလေရဲ့ ညွှန်ရာအတိုင်း သူမကိုယ်လေးလွင့်မျောကာခရီးဆက်သွားခဲ့ရပေမယ့်
ကျောက်တုံးရဲတိုက်အမြင့်ကြီးရဲ့ဝရန်တာမှာရပ်ကြည့်နေတဲ့ ထိုကောင်လေးကို သေးသေးလေးဖြစ်ကာ အမှုန်အမွှားလေးပဲ မြင်ရတော့
သည်အထိငေးကြည့်နေခဲ့လိုက်မိတယ်...

သူ ဘယ်သူလဲ.....

************************************

ရွှမ်း....

လေထုထဲမှာ ဝေ့ရမ်းလိုက်တဲ့ ကြာပွတ်သံဟာ အန်သာ့ကိုယ်လေးကို ထိတ်လန့်ကာတုန်
လှုပ်သွားစေခဲ့တယ်....

" မင်း အပြစ်ကိုသိရဲ့လား...  အန်သာ.... "

သူမ မျက်ရည်တွေဝေ့နေရင်းက ခေါင်းငြိမ့်ပြလိုက်ပြီး အပြစ်ပေးစင်ပေါ်တက်ထိုင်ကာ မျက်လုံးတွေကိုမှိတ်ထားမိလိုက်တော့သည်။

ရွှမ်း!

ကျောပြင်ပေါ်ကို ကျရောက်လာတဲ့ သက်တံ့ကြိုး ကြာပွတ်က အန့်သာ့အသားတွေကိုစုတ်ဖြဲပြီးအရိုးတွေကိုရိုက်ခွဲနေသလို အသည်း
ခိုက်မတတ်နာကျင်ရပါသည်။

တန်ခိုးကြီးပြီးဂုဏ်သရေကြီးမြတ်လွန်းလှတဲ့
နွေဦး နတ်ဘုရား ဝါရီကာလင် ဟာ အန်သာ့
လို နုံခြာညံ့ဖျင်းလွန်းတဲ့ နတ်သမီးငယ်ကို ဖခင်မေတ္တာထက် နတ်လောကရဲ့ စည်းမျဥ်းစည်းကမ်းတွေကိုသာ အပြည့်အဝရိုက်သွင်းပေးတာလဲ အမှားတစ်ခုတော့မဟုတ်.....

ဝတ္ထုတိုများ..... Where stories live. Discover now