Description

7K 282 16
                                    

[Unicode]

နည်းဗျူဟာမှူးလင်းယန်ဟာ e-sportsဝတ္ထုတပုဒ်ထဲသို့ ဝင်‌ရောက်လာခဲ့သည်။ သူဝင်ရောက်လာတဲ့အချိန်တုန်းက မူလဇာတ်ကြောင်းစတင်ရန် အချိန်တနှစ်တောင် ကျန်ရှိနေသေးသည်။

အနာဂတ်တွင် လူတွေကို ကြောက်လန့်စေမဲ့ နတ်ဆိုးကြီးကတော့  ပိန်ပိန်ပါးပါး Anchorလေးတစ်ယောက် ဖြစ်နေဆဲပင်။ တစ်ချိန်က e-sports နယ်ပယ်ကို အနှောင့်အယှက်ဖြစ်စေခဲ့သော ကပ်ဆိုးကြီးကတော့ တွဲဖက်ကစားသမားအဖြစ် ကစားနေ‌လေရဲ့။ အကောင်းဆုံး Healerကတော့ တတိယအဆင့် အသင်းတစ်သင်း၏ အေးစက်သော ခုံတန်းပေါ်တွင် ထိုင်နေလျက်။ မီဒီယာတွေကိုပုတ်ခတ်ပြောဆိုရာတွင် အပြင်းထန်ဆုံးဘုရင်၏ မကောင်းသတင်းတွေကတော့ နေရာအနှံ့ သတင်းမွှေးလျက် ရှိ၏။

ဇာတ်ကြောင်းတိုးတက်လာတာနဲ့အမျှ သူတို့ကထင်ပေါ်လာမှာ ဖြစ်သော်ငြား ကံမကောင်းစွာဖြင့် သူတို့အသင်းက လုံလောက်အောင် မသန်မာကြသေးပေ။ အဆုံးမှာတော့ သူတို့က အ‌မြှောက်စာရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်‌ခဲ့ချေ။

လင်းယန်က အဲဒီအရည်အချင်းတွေ အလဟဿ ဖြစ်သွားမှာကို သည်းမခံနိုင်ပေ။ E-sports ကျွမ်းကျင်သူများရသစုံလင်ရှိုးက စတင်ခဲ့လေပြီ။ ထို့ကြောင့် လင်းယန်က ပိုက်ဆံသုံး၍ GH အသင်းကို ဖွဲ့စည်းခဲ့ကာ အသင်းသားတွေကို ရွေးချယ်ရန် ရှေ့ပြေးလိုက် နောက်ပြေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့သည်။

ဖန်များ : ??? ဒီ'Go Home'အသင်းက အမှိုက်လာကောက်နေတာလား?

ဒီဝေဖန်မှုတွေက GHရဲ့ နည်းဗျူဟာတွေကြောင့် ပြိုင်ဘက်ကစားသမားများ သွေးအန်လုမတတ် ဖြစ်တဲ့အထိသာ ခံခဲ့သည်။ ထို့နောက် ပြိုင်ဘက်များမှာ GHအသင်းက Professional Leagueသို့တက်ရောက်ရန် လက်မှတ်ရသွားတာကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ခေါင်းဆောင်ကျင်းယွမ်ကျိုးမှလွဲ၍ GHအသင်းတစ်သင်းလုံးက အဖက်လုပ်ဖို့‌တောင် မထိုက်တန်သော အရည်အချင်းပြည့်မှီရုံ အပျော်တမ်းကစားသမားများဖြစ်ကြောင်း E-sports နယ်ပယ်တခုလုံးက သိကြသည်။
ရလဒ်အနေနဲ့ ဒီအဆိပ်ပြင်းတဲ့အသင်းက ပြိုင်ပွဲဝင်တွေအားလုံးကိုကျော်လွန်ပြီး သူတို့အသင်းရဲ့ပထမဆုံးနှစ်မှာပဲ ထိပ်ဆုံးကို ရောက်ရှိသွားခဲ့သည်။

The Esports Circle's Toxic Assembly Camp {ဘာသာပြန်}Donde viven las historias. Descúbrelo ahora