Chapter21.2

1.2K 149 23
                                    

[Unicode]

တစ်ဖက်တွင်တော့၊ LANက ချန်ယွီရှန်ကို ရန်စချင်ရုံသာ ဖြစ်သည်။ သို့သော် ပီယောက်ဟွာ ရုတ်တရက် ဝင်ပြောလာမည်ဟု လုံးဝမထင်ထားသဖြင့် ပြန်တုံ့ပြန်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

[ZX.LAN: ငါနဲ့ Abyssကြားက ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ?]

[GH.BB: အိုး မိဘအပေါ်သိတတ်တဲ့သားလေး၊ ငါ ဘယ်သူ့ကို ပြောနေပါတယ်ဆိုပြီး နာမည်တပ်မပြောခဲ့ပါဘူး။ မင်းပါပါးကို အသိအမှတ်ပြုဖို့ လောနေတယ်ပေါ့?]

ထိုကဲ့သို့ လူသိရှင်ကြား ရန်စခြင်းကို ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများတွင်သာမက အငယ်တန်းပြိုင်ပွဲများတွင်ပါ တားမြစ်ထား၏။ သို့သော် ယခုမှာ သီးသန့်ဆွေးနွေးမှုဖြစ်ပြီး လေ့ကျင့်ရေးပွဲစဉ်များ၏ အကြောင်းအရာကို ပြင်ပသို့ ပေါက်ကြားခွင့်မပြု ဟူသည့် ဤနယ်ပယ်၏ စည်းကမ်းလဲရှိသည်။ ထိုစည်းမျဉ်းကြောင့်ပင် ဒီရန်စသည့် ဖြစ်စဉ် ပေါက်ကြားသွားမှာကို LANတစ်ယောက် မစိုးရိမ်တော့ဘဲ ဒီအခွင့်အရေးကို အသုံးချကာ ချန်ယွီရှန်ကို ရန်စဖို့လုပ်လိုက်သည်။ သို့သော် ပီယောက်ဟွာက သူ့ကို စကားလုံးအချို့နှင့် ချက်ချင်းပြောဆိုလာမည်ဟု မထင်ထားမိချေ။

LANရဲ့ဒေါသ ပေါက်ကွဲထွက်သွားပြီး အစကတော့ ရန်ပွဲကို ပြန်ဆက်ဖို့ ပြင်နေတာပင်။ အဲဒီနောက် ZX၏ ခေါင်းဆောင်က မျက်နှာထားတင်းတင်းဖြင့် သူ့ကို တားလာခဲ့သည်။"BBကဘယ်သူလဲဆိုတာ မင်းမသိဘူးလား? Trash talkပြောတဲ့နေရာမှာ ဘာလို့ သူနဲ့သွားပြိုင်ဖို့ ကြိုးစားနေတာလဲ? ပြဿနာရှာနေတာလား?"

LANက သူ့အတွင်းထဲမှ ဆန္ဒကို ဖိနှိပ်လိုက်ပြီး အဆုံးတွင် သူ့ဒေါသတွေကို ပြန်မျိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။ သူ့ဘက်က စစ်သားငယ်များ ရောက်ရှိလာတာကြောင့် သူ့ရှေ့က လေးသည်တော်ကို စိုက်ကြည့်နေရင်း စစ်သားများကို last hitယူလိုက်၏။ အချိန်အတော်ကြာအောင် သည်းခံပြီးတာတောင် LANတစ်ယောက် သူ့ဒေါသကို မချုပ်တည်းနိုင်သေး။ သို့နှင့် သူတို့အသင်းက jungler ကို လာကူညီပေးဖို့ ပြောရန် ပြင်လိုက်စဉ် စခရင်ပေါ်၌ သတ်ဖြတ်ခံလိုက်ရကြောင်း အသိပေးချက်တစ်ခု ပေါ်ထွက်လာ၏။

You've reached the end of published parts.

⏰ Last updated: Mar 12, 2023 ⏰

Add this story to your Library to get notified about new parts!

The Esports Circle's Toxic Assembly Camp {ဘာသာပြန်}Where stories live. Discover now