Chapter10

732 150 30
                                    

[Unicode]

လင်းယန် ခန့်မှန်းချက်မှာ မှန်ကန်၏။ Gloyက သူတို့ထက် ခြေတစ်လှမ်းစောပြီး GHကလပ်သို့ အမှန်တကယ် ရောက်လာခဲ့သည်။ လော့မိုက လင်းယန်ဆီသို့ wechatကနေ မက်ဆေ့ချ်ပို့လိုက်သော်လည်း သူကားမောင်းနေချိန်ဖြစ်၍ စာရောက်နေတာကို မသိလိုက်။ လင်းယန်နှင့် ကျင်းယွမ်ကျိုးတို့ ခန်းမကြီးတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုဖာပေါ်တွင် အနည်းငယ် တောင့်တင်းနေသော အမူအရာနှင့် ထိုင်နေသည့် လူငယ်တစ်ယောက်ကို သူတို့နှစ်ဦးသား တွေ့လိုက်ရသည်။

ထိုလူငယ်လေးမှာ သန့်ရှင်းသပ်ရပ်နေကာ ချောမောသည့် အသွင်အပြင်ရှိသည်။ သူက နားနှစ်ဖက်စလုံးတွင် နားကပ်ဝတ်ဆင်ထားပြီး ကောက်ကွေးနေသော ဆံပင်များကို အဘွားကြီးဆံပင်အရောင်ဖြစ်သည့် မီးခိုးရောင်ကို ဆိုးထားရာ သူ့ပုံစံနှင့် မလိုက်ဖက်သည့် လိမ္မာရေးခြား မရှိသော လူငယ်ပုံ ပေါက်နေသည်။

Gloyက လင်းယန်ကို ခနမျှ ကြည့်လိုက်ပြီးနောက် ကျင်းယွမ်ကျို့အပေါ် အကြည့်ရောက်သွားသည်နှင့် သူ့အကြည့်တွေကို ဖယ်ခွာလို့ မရတော့။ အချိန်အတော်ကြာပြီးနောက်၊Gloyက ထစ်အထစ်အနှင့် စကားပြောလာခဲ့သည်။"အကြီးအကဲလင်း,နတ်-နတ်ဘုရား ကျင်း"

သူက လင်းယန်ကို တစ်ခါမှ မမြင်ဖူးသေးသော်လည်း ဘော့စ်က Titansကို သွားခေါ်နေကြောင်း လော့မိုက ပြောထားသဖြင့် လင်းယန်ကို ခန့်မှန်းမိရန် မခက်ခဲပေ။

လော့မိုက Leagueဌာနချုပ်ကို နောက်တစ်ကြိမ် ပြန်သွားလိုက်မှန်း လင်းယန် သိပြီးသားဖြစ်သဖြင့် သူက ဧည့်ကြိုအလုပ်ကို လွှဲပြောင်းယူလိုက်ကာ Gloyကို နှုတ်ဆက်လိုက်၏။ လင်းယန်က ထိုလူနှစ်ယောက်ကို သူတို့အခန်းများ ရွေးရန်အတွက် အိပ်ဆောင်အဆောက်အဦးသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

Gloy၏အထုပ်အပိုးများက ကျင်းယွမ်ကျိုးထက်ပင် ပိုများနေသေးသည်။ ထိုနေရာတွင် ခရီးဆောင်အိတ် အကြီးအသေးများကို အရှည်ကြီး တန်းစီချထားလျက်ရှိသည်။ ကျင်းယွမ်ကျိုး သူ့ခရီးဆောင်သေတ္တာကို ညင်သာစွာမလိုက်ကာ အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်သည်။ ထိုစဉ် သူက အနောက်ကို ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်းကို တစ်ခု ကူသယ်ပေးရမလား?"

The Esports Circle's Toxic Assembly Camp {ဘာသာပြန်}Wo Geschichten leben. Entdecke jetzt