*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်

7K 1.4K 123
                                    

နာရီဝက်နီးပါးလောက် ရှာပြီးနောက်မှ ပါဝင်ပစ္စည်းတွေနဲ့ဖွဲ့စည်းထားတဲ့ ယပ်တောင်ပုံစံ သုံးခုကို ရုန်ယိရှာတွေ့သွားသည်။ သေချာဂရုတစိုက်သာ မကြည့်ရင် ဒီလောက်များပြားတဲ့ပါဝင်ပစ္စည်းတွေထဲကနေ ဒီသုံးခုကို ရှာတွေ့နိုင်ဖို့က ခက်ခဲလှ၏။

နှစ်ခုက လေလွင့်မသေမျိုးတွေအတွက် အသုံးပြုလို့ရတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ကျန်တစ်ခုက အဆင့်အနိမ့်ဆုံးပါဝင်ပစ္စည်းတွေထဲမှာ မြေကမ္ဘာတစ္ဆေတွေအတွက်သုံးတဲ့ ပါဝင်ပစ္စည်းတွေပေါင်းထည့်ပြီး ပြုလုပ်ထားတာဖြစ်လေသည်။

ထိုပစ္စည်းတွေကိုကြည့်နေရင်းနဲ့ ရုန်ယိရဲ့ နှလုံးသားလေးမှာ သွေးစိမ်းရှင်ရှင်ထွက်ကာ နာကျင်လာရတော့သည်။ သူ အလိုရှိနေတဲ့ပါဝင်ပစ္စည်းတွေက သူ့မျက်စိရှေ့မှာရှိနေပေမဲ့ သူ့မှာ ယူလို့မရပေ။ သူအတော်လေးကို နာကျင်သွားရသည်။ သူ့ကျင့်ကြံရေးကသာ လေလွင့်မသေမျိုးအဆင့်လောက်ရောက်နေရင် ဒါတွေကို ယူနိုင်ဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှာနိုင်မှာဖြစ်ပေမဲ့ စိတ်မကောင်းစရာက သူက အခုမှ ချီသန့်စင်အဆင့်လေးသာ ရှိနေသေးတာကြောင့် ဒီလျှို့ဝှက်နယ်မြေထဲမှာ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ကတောင်မှ အတော်လေးကို ခက်ခဲနေလေပြီ။

သူ ထိုအရာတွေနားကို ကပ်သွားပြီး အနီးကပ်လေ့လာကြည့်လိုက်၏။ သူ့ဘိုးဘေးတွေရဲ့ မှတ်တမ်းဗွီဒီယိုတွေထဲကအရဆိုရင်တော့ သူ ဒီနေရာက အဆင့်အနိမ့်ဆုံး ပါဝင်ပစ္စည်းတွေကို ဖိချလိုက်ရမှာဖြစ်သည်။

ရုန်ယိ လက်ကိုဆန့်ကာ ပါဝင်ပစ္စည်းတွေကို ဖိချလိုက်သည်။

ချက်ချင်းဘဲ တစ်ယောက်က ကြောက်လန့်တကြားထအော်လာ၏။
"မင်း ဘာလုပ်နေတာလဲ!!"

လူတိုင်းက ရုန်ယိကို လှည့်ကြည့်လာကြသည်။

"ကျွန်တော်က စက်ခလုတ်ကို ရှာနေတာလေ.. အားလုံး စိတ်အေးအေးထားပါ.. ကျွန်တော်ဒါကို ဖိချပြီးတာတောင် ဘာမှမဖြစ်လာတော့ ဒါက ထောင်ချောက်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘဲလေ"

လူတိုင်း ဆွံ့အသွားကြရသည်။
"......"

သူတို့ ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေမလဲ.. သူတို်ရဲ့ စွမ်းအားတွေက ယာယီအပိတ်ခံထားရသည်လေ.. တစ်ခုခုသာဖြစ်ခဲ့ရင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းတောင်မှ မရှိကြ..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now