{{A/Nဒီအပိုင်းမှစ၍
နောက်လာမည့်အပိုင်းဆက်များသည်
မာန်နှင့်လွင်တို့၏စတွေ့သည်မှစ၍
အတိတ်ကာလများသာဖြစ်သည်}2020ခုနှစ်
မျက်နှာပေါ်သို့ ကျရောက်လာတယ့်
နေရောင်ခြည်စူးစူးတို့ကို
လက်ဖြင့်ကာလိုက်ရင်း
အထုတ်အပိုးတို့ကို
လက်တစ်ဖက်ကဆွဲထားကာ
လေဆိပ်ရှိ အငှားကားတစ်စီးအား
ခနရပ်စောင့်နေလိုက်သည်။မကြာလိုက်ပါ ရှေ့ကို ထိုးရပ်လိုက်တယ့်
အငွားကားတစ္စီး"ဗျို့!!!အစ်ကိုရေ ဘယ်သွားမလို့လဲ"
"တောင်ဒဂုံ **ရပ်ကွက်ကိုသွားမလို့ "
"ရတယ် အစ်ကိုရေ
ဒါနဲ့အိမ်ထိလိုက်ပို့ပေးရမှာလား""ဟုတ်တယ်ဗျ အိမ်ရှေ့ထိပို့ပေးရမှာ
သိပ်တော့မဝင်ရပါဘူး
၈လမ်းမြောက်ဆ်ုရပါပြီ""Okလေ *****လောက်တော့ ပေးဗျာ
အဆင်ပြေလား"ဈေးနည်းနည်းကြီးတယ်ထင်ပေမယ့်လည်း
အပူဒဏ်ကိုမခံနိုင်တော့တာကြောင့်
ဈေးလည်းမစစ်ခြင်တော့
ခေါင်းသာငြိမ့်ပြလိုက်ရင်း
အထုပ်အပိုးတွေကို ကားပေါ်တင်ရင်း
လူပါဝင်ထိုင်ကာ တစ်ခါတည်း
ငွေကြိုရှင်းပေးထားလိုက်တော့သည်။တရွေ့ရွေ့နဲ့မောင်းနှင်လာတယ့်
အငှားကားလေးသည် ရန်ကုန်လေဆိပ်မှ
ထွက်ခွာလာကာ
မာန်ရဲ့ ၃နှစ်သာ ဝေးကွာခဲ့ရသည့်
အိမ်လေးဆီသို့ သွားရန်
ဉီးတည်နေလေပြီ။ကားစီးလာရင်းနှင့် မှန်ပြတင်းပေါက်ဘက်
လှည့်ကာ ပြောင်းလဲနေတယ့်
လမ်းတွေ ဆိုင်ခန်းတွေကို
ငေးမောနေမိသည်။တရွေ့ရွေ့နဲ့ကားလေးမှာ
စံပြဈေးအရောက်မှာတော့
လိပ်နဲ့ပက်ကျိကိုစံချိန်တင်ကာ
ကားပိတ်လေပြီ။အပူဒဏ် ကားစက်သံတွေနဲ့
ညကအိပ်ရေးသိပ်မဝတာကြောင့်ပါ
ရောလျက်
ခေါင်းအနည်းငယ်အုံလာသည်မလို့
ဘေးနားက ထိုင်ရောင်းနေတယ့်
အအေးသည်အဒေါ်ဆီကနေ
ရေသန့်ဘူးကြီးတစ်ဘူးသာဝယ်လို့
အားရအောင်မော့သောက်လိုက်တော့သည်။"နိုင်ငံခြားကပြန်လာတာထင်တယ်
ဒီကပူတာနဲ့ အသားမကျသလိုဘဲ"
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...