"အားငြောင်းလိုက်တာ"
အိမ်ပေါ်ထပ်ရှိ ကုတင်ပေါ်မှာ
ပစ်လှဲကာ ပျင်းကြော်ဆန့်လိုက်တယ့်
လွင်။
ခေါင်းအုံးဘေးနားက
ဖုန်းနာရီလေးကို တစ်ချက်ကြည့်လိုက်တော့
နာရီဟာ ၁၀နာရီကိုထိုးနေလေပြီ
ဖြစ်တာကြောင့်
မကျေမနပ်လေးရေရွတ်လိုက်ရင်း
မျက်နှာလေးမှာ စူပုတ်နေလေသည်။" အားးးး နားမယ်ဆိုကြည့်လိုက်ရင်
၁၀နာရီထိုးနေပြီ"ပက်လက်ကလေးလှန်ကာ
လက်သီးစုပ်လေးနဲ့ မွေ့ယာကို
နှစ်ချက်လောက်ထုလို့ ကလေးလေးတွေ
ရစ်သလို အော်နေတယ့်ဦးလွင်
ရာသီဥတုကပူတာမလို့
မောင့်မျက်ဝန်းညိုလေးဟာ
ဘောင်းဘီဒူးလောက်လေးနဲ့
စပန့်အင်္ကျီအပွကို ဝတ်ထားလေရာ
ကိုယ်လေးကို လှုပ်လိုက်တိုင်း
ပေါ်ပေါ်လာတယ့် ပုခုံးသားလေးကြောင့်
မာန်မှာ တစ်ချက်တစ်ချက်သာကြည့်မိလို့
မျက်နှာလေးလွှဲထားမိသည်၏*စိတ်ထိန်းမာန် ဒီလောက်ရာသီဥတုပူတာ
ချွေးထွက်မယ့်အလုပ်မလုပ်သင့်ဘူး*လွင် မျက်လုံးလေးမှိတ်ကာ
အိုက်လွန်းတာကြောင့်
ငြိမ်နေတယ့်အချိန် ကိုယ်ပေါ်ကို
ရောက်လာတယ့် အလေးချိန်တစ်ခုကြောင့်
မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့
လွင်ရဲ့လက်နှစ်ဖက်ကို
တစ်ဖက်တည်းစုကိုင်ကာ
မြှောက်ထားတယ့်မောင်
လူကလည်း လွင်အပေါ်မှာ အုပ်မိုးလို့
အကြည့်တွေက နှုတ်ခမ်းဆီက
မရွေ့။ဒီအခြေအနေဆို ဘယ်အထိရောက်မလဲ
သိတယ့်လွင်ကတော့ ခြေဆင်းကာ
ငိုလိုက်ခြင်သည်။*မပေးခြင်တာဟုတ်ဘူးနော်
ပူလွန်းတယ် အူဝါးးးးးးးးးး
ချွေးထွက်မယ့်အလုပ်မလုပ်ခြင်ဘူး။
ငါးကြော်မြင်တယ့်ကြောင်လိုဖြစ်နေတယ့်
မောင့်ကို မုန့်ကျွေးပြီး ဗိုက်ပြည့်အောင်
နှစ်သိမ့်လို့မရဘူးလား။ငါလေး မုန့်လုံးလေးဖြစ်ခြင်ဘူး။စားခံခြင်ဘူးလို့!!!!*
ကြေကွဲစွာ ရင်ထဲကနေ ငိုကြွေးလိုက်တယ်လွင်မာန်ကတော့ ဦးလွင်ကို
အုပ်မိုးထားရင်းကနေမှ
မျက်လုံးလေးပြန်မှိတ်ကာ
ဆူပုတ်နေတယ့် အသက်ကိုကြည့်လို့
ရယ်မိသည်။
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...