မောင်ရယ် ကိုယ်ရယ်
ချစ်မေတ္တာတွေရယ်{EP7}
ခါတိုင်းသောမနက်တွေနဲ့မတူစွာ
နိုးထလာတယ့် မနက်ခင်း
မတူညီတယ့်မနက်ခင်းတစ်ခုဖြစ်နေပေမယ့်
ထိုသို့ ဖြစ်နေစေတယ့်
အကြောင်းအရာလေးက
ချစ်ရသူကြောင့် ဖြစ်နေတော့
စိတ်ရှုပ်ခြင်းကို မဖြစ်စေ။
မနက်ခင်း မျက်လုံးလေးဖွင့်ကြည့်တာနဲ့
မြင်လိုက်ရတယ့် ရင်ခွင်
ထိုရင်ခွင်ဟာ လွင်ရဲ့မနေ့ကမှ
အသစ်စက်စက်ချစ်ရသူ မာန်
မာန်ရဲ့လက်တွေဟာ
လွင့်ကို ဖက်ထားလျှက်
မျက်နှာချင်းဆိုင်ကာ အိပ်မောကျနေသည်။လွင်ရယ့် လက်တွေဟာ
မာန့်ရဲ့မျက်နှာထက်သို့
ခပ်ဖွဖွထိတွေ့မိသည်။
နှုတ်ခမ်းမွှေးခပ်စိမ်းစိမ်းလေးတွေ
လွင်နဲ့ယှဥ်ရင် အသားဖြူနေတယ့်
မာန်ဟာ နှုတ်ခမ်းအရောင်လေးကအစ
ပန်းရောင်ခပ်သန်းသန်း
အသားဖြူသူမလို့လဲ
ဖြစ်လိမ့်မည်ထင်သည်။
လွင်ရဲ့နှုတ်ခမ်းအရောင်ကတော့
ခပ်ညိုညိုလေးရယ်ပါလေ။အိပ်ပျော်နေတယ့် ချစ်ရသူမျက်နှာကို
တမေ့တမောကြည့်နေတယ့်လွင်ဟာ
အိပ်ပျော်နေတာကြောင့်
မှိတ်ထားလေတယ့်
မျက်ခွံလေးတွေကိုလည်း
ခပ်ဖွဖွထိတွေ့မိပြန်သည်။နှုတ်ဖျားကနေ တစ်ဦးတည်း
တီးတိုးစွာပြောလိုက်မိသည်။"ငါ့ရဲ့မောင်က သိပ်ကြည့်ကောင်းတာဘဲ"
ထို့နောက် ခါးပေါ်ရောက်နေတယ့်
မောင့်ရဲ့လက်တွေကို ခပ်ဖွဖွလေးဖယ်လိုက်ကာ
မောင့်ရဲ့ရင်ခွင်ထဲသို့ တိုးဝင်ကာ
ခါးပေါ်သို့ မောင့်ရဲ့လက်တွေကို
လွင်စောနကအတိုင်း နေရာပြန်ချလိုက်ရင်း
မောင့်ရဲ့ နှလုံးသားရှိရာကို
နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွနမ်းမိသည်။"ကျေးဇူးတင်ပါတယ် မာန်
ပြန်ချစ်ပေးလို့။
ကျေးဇူးတင်ပါတယ် နှလုံးသားလေးရယ်
ကိုယ့်အချစ်တွေခံစားမိပြီး
ပိုင်ရှင်နေရာကို ကိုယ့်ကိုပေးလို့"*တော်သေးတယ် မောင်ကိုယ့်ကို
ပြန်ချစ်လို့*မာန့်ရင်ခွင်ကို ဝင်ကာ
ကိုယ်သင်းနံ့ကို တဝကြီးရှုရှိုက်ရင်း
အနီးကပ်သေချာကြည့်ခြင်ခဲ့သော
မောင်မျက်နှာအား နောက်တစ်ကြိမ်
တမော့တမောကြည့်ရင်း
အတွေးတို့သည်
မာန်နှင့်စတွေ့ကာ
ရင်ခုန်ခြင်းတို့အစပြုခဲ့သည်ဆီသို့
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...