*160* အဲ့တာသူဘဲ

7.4K 1.4K 68
                                    

ရုန်ယိခန္ဓာကိုယ်လိုက်ဖမ်းတာကို အချိန်အတော်ကြာ ခံလိုက်ရပြီးနောက် ဆဌမအကြီးအကဲမှာ စိတ်ထင်တိုင်းပြန်တိုက်ခိုက်ဖို့ကို လက်လျှော့လိုက်တော့သည်။

သူတို့လို အဆင့်မြင့်ကျင့်ကြံသူတွေက များသောအားဖြင့် ကျင့်ကြံခြင်းအပြင် တစ်ခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလေ့ရှိတာကြောင့် သူတို့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အချိန်မရှိကြပေ။ သူတို့ရဲ့ ဝိညာဥ်စွမ်းအားတွေ ပိတ်ခံလိုက်ရတဲ့အချိန်မှာတော့ သူတို့ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ ဓားရေးက တစ်နှစ်ပတ်လုံး ဓားရေးကျင့်နေကြတဲ့ ကျင့်ကြံသူတွေလောက် မကောင်းကြတော့ပေ။

ဆဌမအကြီးအကဲမှာ ပထမအကြီးအကဲဘေး ပြန်သွားကာ အသက်ရှူမှန်အောင် ပြန်ထိန်းနေလိုက်သည်။

ဒါပေမယ့်လည်း ရုန်ယိခန္ဓာကိုယ်ကတော့ လုံးဝကို မမောပန်းပေ။ သူက ထိုသုံးယောက်ရဲ့ခေါင်းတွေကို ရိုက်ဖို့ သူတို့ဆီ ပြေးသွားလိုက်ပြန်၏။

"......"
ဆဌမအကြီးအကဲရဲ့ နဖူးပေါ်မှာ သွေးကြောတွေ ထောင်တက်လာရပြီး သူ့ဒေါသတွေကို မနည်းဖိနှိပ်ဖို့ ကြိုးစားကာ ထိုအရူးကို လျစ်လျူရှုထားလိုက်ရသည်။

ပထမအကြီးအကဲမှာလည်း ရုန်ယိခန္ဓာကိုယ်ကို မြင်လိုက်ကတည်းက မျက်နှာကြီး မည်းမှောင်သွားရသည်။

အကြီးအကဲနှစ်ယောက်ရဲ့ မျက်နှာအမူအယာက ချီလန်ကို နှုတ်ခမ်းတွေကွေးညွှတ်သွားစေ၏။ ယင်မိသားစုက အကြီးအကဲတွေ ဒီလိုကူကယ်ရာမဲ့နေတာကို သူပထမဆုံး မြင်တွေ့ဖူးခြင်းပင်..။ သူ့ခေါင်းနောက်ဘက်က အသံအကျယ်ကြီးတစ်ခုနဲ့အတူ သူလည်း ရုန်ယိခန္ဓာကိုယ် ရိုက်တာကို ထပ်ခံလိုက်ရပြန်၏။

ချီလန်ရဲ့ အပေါ်ကွေးတက်နေတဲ့ နှုတ်ခမ်းတွေမှာ တစ်တန်းတည်းပြန်ဖြစ်သွားရပြီး သူ့ရဲ့နဂို ချောမောတဲ့ အေးတိအေးစက်မျက်နှာနဲ့ ရုန်ယိခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်သည်။

လူအုပ်ကြားမှာ ပုန်းနေတဲ့ ရုန်ယိမှာ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ အခု သူနဲ့ သူ့ခန္ဓာကိုယ်က အရမ်းနီးကပ်နေပေမဲ့ ဘာလို့ သူ့ခန္ဓာကိုယ်က နဂိုလို အသိစိတ်ပြန်မဝင်သေးရတာလဲ...။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now