Part-2 (uni+zawgyi)

77 4 0
                                    

အပ်ကျသံတောင်မကြားရလောက်တဲ့ထိ တိတ်ဆိတ်လွန်းနေတဲ့အခန်းငယ်ထဲမှာ ဘတ်ဟျွန်းရှိနေသည်။
သူ့ရဲ့မျက်စိရှေ့တည့်တည့်မှာထိုင်နေတဲ့အမျိုးသမီးက နှစ်အတော်ကြာသူနဲ့ဝေးကွာနေခဲ့တဲ့ အမေဖြစ်သူပင်။
လွန်ခဲ့တဲ့နှစ်တွေတုန်းကလိုပဲ ဒီလိုအချိန်က သူ့အတွက်အမြဲ မွန်းကျပ်ဖို့ကောင်းပါသည်။

အမေနဲ့သူနဲ့က ဟိုးအရင်ကတည်းက အနေမနီးခဲ့။အဖေဆုံးသွားပြီးကတည်းက မိသားစုရဲ့စီးပွားရေးကို အ​​မေကဦးဆောင်ခဲ့ပြီး သူကတော့အိမ်အကူတွေလက်ထဲမှာသာ ကြီးပြင်းလာခဲ့သည်။
တစ်ရက်မှာနှစ်ကြိမ်လောက်သာ မျက်နှာချင်းဆိုင်ဆုံကြပြီး ဆုံသည့်အချိန်တိုင်းမှာလည်း စကားသေချာပြောတာမျိုးမရှိခဲ့။

သူလိုချင်တာရှိတဲ့အခါမျိုးမှာ အမေကနောက်ကနေရအောင်ယူပေးခဲ့ပြီး ထိုအရာကိုရဖို့အတွက် အမေလိုချင်သည့်အရာကိုသူပြန်ပေးရသည်။အယူရှိရင်အပေးရှိရမည်ဆိုသည့် ဆက်ဆံရေးထက်ပင် မပိုခဲ့ကြ။
ဘတ်ဟျွန်းအသက်19နှစ်မှာ အမေဖြစ်သူက နောက်ထပ်ယောကျ်ားတစ်ယောက်ကို ယူမည့်အကြောင်းအသိပေးလာခဲ့ပြီး
ထိုအကြောင်းအရာကြောင့်ပင် အမေနဲ့သူပထမဆုံးအကြီးအကျယ် စကားများခဲ့ကြသည်။သူကန့်ကွက်သည့်ကြားမှ အမေကထိုယောကျ်ားကို အိမ်ပေါ်ခေါ်တင်လာခဲ့ပြီး အဲ့နေ့မှာပဲဘတ်ဟျွန်း အိမ်ပေါ်မှဆင်းခဲ့သည်။

သူစိမ်းယောကျ်ားတစ်ယောက်ဖြင့် ယှဥ်လာခဲ့ခြင်းမှာတောင် အမေကဘတ်ဟျွန်းကို မရွေးချယ်ခဲ့။ထို့ကြောင့် အရာအားလုံးကို ကျောခိုင်းကာ ဘတ်ဟျွန်းကနေဒါကို ထွက်သွားခဲ့သည်။အမေ့ဘက်က သူ့ကိုလာမရှာခဲ့သလို သူ့ဘက်မှလည်းမဆက်သွယ်ခဲ့။

" ကောင်းကောင်းရှိနေတယ်မလား ဘတ်ဟျွန်း.. "
အေးစက်နေတဲ့ လေထုကိုအမေ့ဘက်က အရင်ချိုးဖောက်လာခဲ့သည်။
ခေါင်းတစ်ချက်ငြိမ့်ပြကာ ဘတ်ဟျွန်းဘက်ကတိတ်ဆိတ်နေမိတုန်းပင်။

" တစ်သက်လုံး ပြန်မလာပါဘူးလို့ပြောပြီး ထွက်သွားတဲ့ကလေးက အခုတော့မျက်စိရှေ့ကို ပြန်ရောက်နေပါလား?
ဘာလဲ အခုတော့မေမေ့ကို လိုအပ်လာလို့လား? "

Until YouWhere stories live. Discover now