Part-6 (uni+zawgyi)

61 4 3
                                    

မကြည်ဖြူသူကိုမှ မြတ်နိုးမိနေ
တစ်ယောက်ထဲရူးခဲ့ရတဲ့ ညပေါင်းများစွာက ဒီမျက်ဝန်းတစ်စုံကို ဖျောက်ဖျက်မရတာ ကျိန်စာတစ်ခုအလားပဲ
တစ်ဖက်သတ်အချစ်တဲ့ တစ်ဖက်ကသတ်လို့ သေရပြန်တယ်။
......

အငြင်းခံရထားရတဲ့အခြေအနေမှာတောင် စာရေးခုံပေါ်ထောင်ထားတဲ့ ပုံကိုကြည့်ပြီးဘတ်ဟျွန်းကဘယ်လောက်ထိ ကြည့်ကောင်းကြောင်းကို တွေးနေမိတဲ့ချန်းယောလ်အတွက် ဆေးမရှိတော့ဘူးထင်ပါရဲ့။
လက်လျော့ဖို့စိတ်ကူးကတော့ သူ့မှာလုံးဝကိုရှိမနေ။သို့သော်လည်း လက်ရှိတော့ သူ့နှလုံးသားက အနည်းငယ်နာကျင်နေတယ်
ဘတ်ဟျွန်းမှဘတ်ဟျွန်းပဲ လို့အော်နေတဲ့ သူ့ကိုယ်သူလဲနားမလည်နိုင်တော့။

ဟိုလိမ့်ဒီလိမ့်ဖြင့်သာ တစ်ရက်တစ်ရက်ကုန်ဆုံးသွားပေမယ့် အငြင်းခံရတာက မနေ့တစ်နေ့ကလိုပင်
စိတ်ပြေလက်ပျောက်ဆိုပြီး convenience store ကိုထွက်လာလိုက်ကာမှ ဆိုင်ထဲမှာအစ်ကိုနဲ့တည့်တည့်ကြီးတိုးတော့သည်။
အရင်ကတော့ တွေ့အောင်တောင်မနည်းလိုက်ရှာနေရတာ
ခုတော့သွားမတွေ့မိအောင် ထိန်းထားပါတယ်ဆိုတော့ကျ တည့်တည့်ကြီးပေါ်လာသည်။

တွေ့လား အစ်ကိုနဲ့က ဖူးစာတွေပါဆို ဒီလူကိုငြင်းနေသေးတယ်
ဒီဘက်ကို ဘာလာလုပ်သလဲမသိပေမယ့် ဒါကသူနဲ့ဆုံဖို့ကို ဖန်တီးပေးထားတာနေမှာ
တစ်ယောက်ထဲ ပီတိတွေဖြာနေတုန်း ဘတ်ဟျွန်းက
သူ့ကိုမြင်တာနဲ့ တစ်ဖက်ကို ချာကနဲနေအောင်လှည့်ထွက်သွားသည်။

ဝယ်စရာရှိတဲ့ခေါက်ဆွဲထုပ်တချို့နဲ့ ဘီစကွတ်မုန့်တွေယူပြီးတာနဲ့ ဘတ်ဟျွန်းရှိတဲ့ဘက်ကို မြန်မြန်လိုက်သွားတော့
snack ထုပ်တွေကိုအပီအပြင်ရွေးနေတဲ့ ဘတ်ဟျွန်းကိုတွေ့လိုက်ရသည်။

Hak..ချစ်စရာလေး
စိတ်ထဲကသာရွတ်လိုက်ရတာ ကြားများသွားရင်သူ့ကိုသတ်လိုက်မလားတောင်မသိဘူး
မသိမသာ အနောက်ဘက်ကိုသွားပြီးတော့ ကျောချင်းကပ်မုန့်ရွေးသလိုလိုနဲ့ နေနေလိုက်သည်။

ခဏလေးရယ်ပါ ပြီးရင်တော့သူအစ်ကို့ကိုမနှောက်ယှက်ပဲအိမ်ကိုပြန်မှာ။အခုတော့ အလွမ်းဖြေရဦးမည်လေ
ကျောဘက်ကလှုပ်ရှားသံကြားမှ သူလှည့်ကြည့်လိုက်တော့ စောနကမုန့်ကိုအပီအပြင်ရွေးနေတဲ့ ဘတ်ဟျွန်းကလက်ထဲမှာ ဘာမှမပါပဲထွက်သွားတာကို တွေ့လိုက်ရသည်။

Until YouWhere stories live. Discover now