ဒီနေ့တော့ ချန်းယောလ် ဟိုဆရာဝန်ဆိုတဲ့လူနဲ့ စကားပြောမှဖြစ်တော့မှာမလို့ သူ့ကိုဆေးရုံဝင်းအတွင်းမှာ လိုက်ရှာရန် အခန်းထဲကနေထွက်ခဲ့လိုက်တယ်။
ဆရာဝန်တွေ ရှိတဲ့ဘက်ကို မျက်စိကစားမိချိန်
အရှေ့တည့်တည့်မှာ လျှောက်လာတဲ့ မနေ့ကသူ့နဲ့အခန်းကိုအတူသွားတဲ့ သူနာပြုမလေးကိုတွေ့တာကြောင့် လှမ်းခေါ်မယ်ပြင်လိုက်ပေမယ့် ထူးထူးဆန်းဆန်း ဘေးပတ်ဝန်းကျင်က လူတွေက သူ့ကိုအရမ်း အာရုံစိုက်နေသလိုခံစားရနေရသည်။တိတိကျကျပြောရရင် ဆရာဝန်အချို့နဲ့ သူနာပြုလေးတွေ!
ဘာပါလိမ့်..သူ့ပုံကများ ထူးဆန်းနေလို့လား?
အဲ့အချိန်မှာ စောနကသူနာပြုမလေးက သူ့ကိုတွေ့သွားသည်ထင်သည် မျက်လုံးထဲမှာ အရောင်တွေတောက်ကာ သူ့စီခပ်သွက်သွက်လျှောက်လာတဲ့ သူနာပြုမလေးကြောင့် ချန်းယောလ်အငွေ့အသက်တစ်ခုခုကိုတော့ ခံစားမိနေပြီ။
သူ့ကို ရှယ်မေးကာ စပ်စုတော့မည့်အငွေ့အသက်....
ချန်းယောလ်ချက်ချင်းကျောပေးကာ နောက်ကိုပြန်လှည့်လိုက်ပေမယ့် သူနာပြုမလေးက သူ့အနားကိုရောက်နေပြီဖြစ်သည်။
" ချန်းယောလ်ရှီ.... "
" ဟုတ်ကဲ့ "
ပြန်ဖြေလိုက်တဲ့ ချန်းယောလ်ရဲ့မျက်နှာမှာ သေချာပေါက် မအီမသာဖြစ်နေသည့်ရုပ်ပေါက်နေမှာပင်
" နေ့လည်စာစားဖို့ထွက်လာတာလား "
" ဟုတ်တယ်...အဟင်း.."
" အာ..ဒေါက်တာဗြောင်နဲ့အတူ စားမလို့လား? "
ဟင် ဒေါက်တာဗြောင်? ဘယ်မှာလဲ??
" ဘာရှာနေတာလဲ ချန်းယောလ်ရှီ "
" ဗျာ..မရှာ..မရှာပါဘူး "
ကျစ်..စကားက ထစ်သွားသေးတယ်။" မဟုတ်ပဲနဲ့..ဒေါက်တာဗြောင့်ကိုရှာနေတာမလား ကျွန်မတို့က သိပြီးပါပြီနော် "
သူနာပြုလေးရဲ့စကားအဆုံးမှာ ဘေးကဆရာဝန်တွေကပါ သိသိသာသာကြီး ကြည့်လာကြတယ်။
" ဟင်..ဘာကိုသိတာလဲ "
" ချန်းယောလ်ရှီနဲ့ ဒေါက်တာဗြောင်တို့အကြောင်းလေ "
YOU ARE READING
Until You