uni
***အချစ်က Candy လိုချိုချိုလေးလား***
" အစ်ကို!! အစ်ကို စောင့်ပါဦး! "
ဟိုဘက်အခန်းထဲက ဘတ်ဟျွန်းထွက်သွားတာကို မြင်တာနဲ့ နောက်ကနေ ပြေးပြီးဆင်းလိုက်ရင်း ပါးစပ်ကနေလဲအော်ရသေးသည်။
ဒါတောင် တစ်ချက်မှလှည့်ကြည့်မလာပါ။" အစ်ကို~ "
အနားရောက်တော့နောက်နားလေးကနေ အင်္ကျီထောင့်အစလေးကိုအသာယာလှမ်းဆွဲပြီး ခေါ်တော့
ရပ်ပြီးလှည့်ကြည့်သည်။ပုံစံက ပြောဆိုသည့်မျက်နှာဖြင့်" ဒီနေ့ကျောင်းသွားတာလား...ကျနော်လိုက်ပို့မယ်လေ လမ်းကြုံတယ် "
" ရတယ် ကိုယ်ဟာကိုယ်ပဲသွားပါ့မယ် "
" မဟုတ်တာ ကျနော်လိုက်ပို့ပါ့မယ်..လုံးဝမနှောက်ယှက်ပါဘူး ဒီတိုင်းကားပေါ်လေးထိုင်လိုက်ရုံပါပဲ "
" မသိတဲ့သူစိမ်းတစ်ယောက်ရဲ့ ကားပေါ်ကိုငါကဘာလို့ လမ်းကြုံလိုက်စီးရမှာလဲ ဖယ်စမ်းပါ "
" ခဏ! ခဏလေးပါ အစ်ကိုကလဲနေပါဦး ကျနော်တို့ကမသိတဲ့သူစိမ်းတွေမှ မဟုတ်တာ လိုက်ခဲ့ပါနော် "
ချန်းယောလ်ပုံစံက မလိုက်မချင်းအတင်းဂျီကျပြီးခေါ်မယ့်ပုံဆိုတော့ ဘတ်ဟျွန်းစိတ်ရှုပ်လာသည်။ဒီတိုင်းဆိုနောက်ကျတော့မည်။
" ကျစ် မြန်မြန်သွားယူခဲ့ "
ဘတ်ဟျွန်းပြောလိုက်တော့ ချက်ချင်းပဲမုန့်ရသွားတဲ့ကလေးတစ်ယောက်လို ပျော်မြူးစွာပြေးထွက်သွားသည်။
ကားကိုမြန်မြန်ယူပြီး အစ်ကို့နားရောက်တော့ကားတံခါးဖွင့်ပေးဖို့ဆင်းမယ်လုပ်တော့ ဦးစိတ်တိုကတက်ပြီးလို့ ခါးပတ်ပါပတ်နေပြီ။
ချန်းယောလ်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိသွားတော့" ဘာလုပ်နေတာလဲမြန်မြန်မသွားပဲ နောက်ကျလို့ကတော့ မင်းနဲ့ငါတွေ့မယ် "
အမလေး ချိန်းခြောက်တာကလဲကြောက်စရာပဲ ချန်းယောလ်မှာ သူ့အလုပ်သမားလိုလို
" ဟုတ်ကဲ့ သွားပါပြီခင်ဗျာ~ "
ကားထဲမှာနှစ်ယောက်ထဲအတူရှိတယ်ဆိုတဲ့စိတ်ကလေးနဲ့တင်ကို ချန်းယောလ်ရဲ့မနက်ခင်းလေးက ပျော်ရွှင်စရာဖြစ်နေသည်။
YOU ARE READING
Until You