အပိုင်း၁

2.1K 72 1
                                    

အချစ်စစ်ဆိုတာတကယ်ရှိကြောင်းကိုသက်သေပြချင်တယ်
အထူးသဖြင့်မင်းလိုအယုံအကြည်မရှိတဲ့သူမျိုးအတွက်♥

ဤficမှ အကြောင်းအရာများသည်စိတ်ကူးယဥ်သက်သက်သာဖြစ်၍မည်သူ့ကိုမျှထိခိုက်စေရန်မရည်ရွယ်ပါ။

""""""""""""""""""""""""""""""""""""""""""""""""ဒီနေ့က ၅လပိုင်း ၂၃ရက်နေ့ နွေရာသီနေကအတော်ပူပြင်းတာတော့အမှန်ပဲဒါပေမယ့် မိုးရာသီကူးပြောင်းခါနီးဆိုတော့ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေမှာမိုးရာသီရဲ့အငွှေ့အသက်တွေပါနေတတ်လို့အေးလှတယ်။ ရှူသွင်းလိုက်မိရင် မိုးရာသီရဲ့အရသာကိုရင်ထဲမှာခံစားမိသွားသလိုပါပဲ။နေပူပြင်းပြင်း ၃ရက်လောက်ပူပြီးရင် မိုးဖွဲဖွဲလေး ညနေပိုင်းဆိုရွာချတတ်တယ်။ရာသီအကူးအပြောင်းမိုး မို့ အတုတ်ကွေးတော့ကြောက်ရပါရဲ့။

"ဆူး မင်းပြန်လာတော့မယ်ပေါ့"

"ဟုတ်ပါရဲ့ ဆူးအိမ်ပြန်ရမယ့်အချိန်ကျပြီထင်တယ်"

"အင်းလေဆူးရယ် ဘယ်လောက်ပဲကြိုးစားချင်ဦးတော့မိဝေးဖဝေးမှာမိန်းမပျိုလေးတစ်ယောက်တည်း
နေရတာဘယ်ကောင်းပါ့မလဲ။ မင်းပြန်လာမှာကိုယ်ဖြင့် သိပ်ဝမ်းသာတာပဲ"

" အဲ့တာပဲသိလား youတို့ဆိုသည်မှာလေ"

"ဟောဗျာ ကျွန်တော်ဘာပြောမိလို့တုန်း"

"အပျိုလေးတစ်ယောက်တည်း မိဝေးဖဝေးမှာမနေသင့်ဘူးလို့ပြောလိုက်တယ်လေ"

"ဟုတ်တယ်လေ"

"ဝိုင်းကထိန်းထိန်းသိမ်းသိမ်းမနေတတ်တဲ့မိန်းမကြနေတာပဲကွာ။ပြီးတော့ မိန်းမသားဖြစ်တိုင်းမိဘအရိပ်အောက်ကမထွက်ခွာရဘူးလို့ ဘယ်သူများဆိုခဲ့သလဲ ရှေးရိုးဆွဲတွေသိပ်ဆန်တာပဲ"

"ဆူးရယ် အဲ့လိုမဟုတ်ရပါဘူး ကိုယ်ကကောင်းတောင်ပတ်ဝန်းကျင်ကကောင်းဦးမှလေ"

"မိဘတွေမရှိတော့ရင်လည်းဆူခြေထောက်ပေါ်ဆူးရပ်တည်ရမှာပဲ..... ခုတည်းကအလေ့အကျင့်ယူထားတယ်လို့ သဘောထားလိုက်"

"ဟင်း မင်းကတော့အရင်လို တစ်ယောက်တည်းနေချင်တုန်းပဲနော်"

"တစ်ယောက်တည်းမဟုတ်ပါဘူး ကိုယ်ချစ်ရတဲ့သူနဲ့ကို....နေချင်တာ"

ရင်မှာဒဏ်ရာဆူးWhere stories live. Discover now