အပိုင်း၃

389 53 1
                                    

ဆွေကလိုက်​ပြပေးဖို့ပြောတော့ အဆောင်ပိုင်ရှင်အန်တီကြီးကလိုက်ပြပေးတယ်။အိမ်ရဲ့ခြေရင်းဘက်လမ်းကလေးကနေသွားတော့ နှစ်ခန်းတွဲလျှက် တစ်ထပ်ဆောင်ကလေးတွေဟာ အလျားလိုက်တစ်ဆောင်၊တစ်ဖက်တစ်ချပ်မျက်နှာချင်းဆိုင်အနေအထားတွင် တစ်ဆောင်ဆီဆောက်ကာထား၏။

" လွတ်တာကဒီအဆောင်သမီးလေးတို့ မိန်းကလေးတွေချည်းပဲမို့ ကျန်တာတော့မကြောက်ရပါဘူး"

"ဟုတ်ကဲ့အန်တီ"

"အန်တီကလည်းအပျိုကြီးလေ တူမလေးနဲ့နေတယ်အဲ့တာကြောင့်နောက်ကပိုနေတဲ့ခြံကွက်လပ်ကိုအဆောင်လေးတွေဆောက်ပြီးငှားဖို့လုပ်လိုက်တာ"

"ဒါဆို ငှားမယ်နော်အန်တီ စာချုပ်ကဘယ်လိုချုပ်​ပေးလဲရှင့် "

"စာချုပ်ကတော့ ၃လစာအရင်ချုပ်ပေးတယ်သမီးလေး နောက်လတွေကြတော့ တစ်လချင်းပဲပေးလို့ရပါတယ်"

"ဟုတ်ကဲ့"

သုပိုင်လည်းခဏနေပြီးတော့ သူမအမေရဲ့ဆိုင်လေးကိုပြန်လာခဲ့သည်။ ဆူးတို့ကတော့အဆောင်မယ် ကျန်ခဲ့လေ၏။

" ပိုင်....ကျောင်းခေါ်နေပြီဆရာမလေးတို့ရော"

"စာချုပ်ချုပ်နေတယ်မေမေ။တွေးပူမနေပါနဲ့မေမေရယ် ဆရာမလေးတို့သိမှာပါ ဟိုကတောင်ခေါင်းလောင်းသံကြားရတယ်"

"ကျောင်းပြန်တက်မယ်ဆို ပိုင်"

မေမေမေးတော့ ကျမပန်းကန်လေးတွေထည့်ရင်းမေမေ့ကိုလှည့်ကာကြည့်မိတယ်။မေမေ့နဖူးထက်မှာကျနေတဲ့ ချွေးစက်ကလေးတွေပြီးတော့ လက်မှာစွပ်ထားတဲ့ ပဲမှုန့်တွေနဲ့ အသုပ်ထဲထည့်တဲ့အစာပလာတွေပေကျန်နေတဲ့ အကြည်ရောင်ကြွပ်ကြွပ်အိတ်လက်အိတ်ကလေး။

" ပိုင် ဆယ်တန်းပြန်ဖြေမယ်မေမေ ဒါပေမယ့် ကျောင်းမတက်ဘူး"

"အင်းပါ ဖြေမယ်ဆိုပြီးရောသိလား လိုအပ်တာအကုန်ပြောမေမေဝယ်ပေးမယ်နော်"

"လောလောဆယ်တော့မလိုအပ်သေးပါဘူးမေမေရယ် ပိုင့်မှာရှိတဲ့စာအုပ်တွေနဲ့ကြည့်လို့ရတယ်နော်"

ပြုံးနေတဲ့မေမေ့ရဲ့မျက်နှာကိုကျမသဘောကျတယ် ။မနက် ၄နာရီတည်းကထပြီး ဆိုင်ဖွင့်ဖို့ချက်ပြုတ်နေတဲ့မေမေပင်ပန်းပေမယ့် ကျမစကားကိုကြားလိုက်တော့ချက်ချင်းအားတက်သွားသလိုပဲမေမေ့မျက်နှာရွှင်လန်းသွားတယ်။မေမေဟာကျမကိုသိပ်ချစ်သည်။

ရင်မှာဒဏ်ရာဆူးWhere stories live. Discover now