အပိုင်း၄

412 53 1
                                    

"အန်တီပိုင်ဘာဖြစ်တာလဲဟင်"

"ခွေးအူတာကိုလန့်တယ်ထင်ပါတယ်သမီးလေးရယ် ပိုင်ကသိပ်ကြောက်တတ်တာ မီးပျက်ရင်လည်းမနေရဲဘူး "

"ဟုတ်လား ပိုင်ကတစ်ယောက်တည်းပြန်မယ်ဆိုတော့ပိုင့်ကိုသမီးကမကြောက်တတ်တဲ့ကလေးလေးလို့ထင်ခဲ့မိတာ"

" ပိုင်ကသိပ်ကြောက်တတ်တာဆူးရဲ့။ လူများရင်လည်းမသွားရဲဘူး အလှူတွေ ၊မင်္ဂလာဆောင်တွေဆိုလည်းပိုင်မသွားရဲဘူး တစ်ယောက်တည်းပဲနေတယ် သူအကြောက်ဆုံးကတော့ခွေးအူတာပဲ"

"တောင်းပန်ပါတယ်အန်တီရယ် ဆူးလည်းမသိတော့ပိုင့်ကိုတစ်ယောက်တည်းပြန်လွှတ်မိတယ်"

"မဟုတ်တာပဲကွယ်၊ ဆူးတို့အမှားမဟုတ်ပါဘူး အန်တီကသာသိရဲ့သားရဲ့ပိုင့်ကိုလာမကြိုမိတာ"

ကျမတို့စကားတွေပြောပြီးတော့ ပြန်လာခဲ့တယ် ပိုင်ကသူ့မိခင်ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်သွားတာပါပဲ။ အန်တီတို့အိမ်မှာပိုင့်အဖေဖြစ်သူကိုကျမတို့မတွေ့ခဲ့ရဘူး။

" ဆွေ ပိုင့်ဖေဖေကိုမ​မြင်မိဘူးနော်"

"ဟုတ်တယ်နော်ဆူး ပိုင့်ဆီလာတုန်းကလည်းအန်တီပဲ။ပိုင့်အဖေအလုပ်ကပြန်မရောက်သေးလို့နဲ့တူတယ်"

"မဟုတ်ဘူးသမီးလေးတို့ရဲ့ ပိုင့်မှာအဖေမရှိဘူး"

"ပိုင့်မှာအဖေမရှိဘူး!!! "

အံ့သြစွာသံပြိုင်ထွက်သွားတဲ့ ဆူးနဲ့ဆွေက တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်သည်။

"  ဦးအမျိုးသမီးပြောတာကတော့ မမတင်နဲ့သူ့အမျိုးသာ ပိုင် ၃တန်းနှစ်မှာကွာခဲ့ကြတာတဲ့လေ။ပိုင်တို့သားမိနှစ်ယောက်ကသနားဖို့ကောင်းပါတယ် စရောက်တုန်းကပိုင်လေးကချူချာတယ် ခဏခဏနေမကောင်းတော့ မမတင်က ပိုင့်ကိုကျောမှာပိုးရင်းစျေးရောင်းရတာ အိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့စိတ်မချလို့လေ ပိုင်ကလည်းအရမ်းကြောက်တတ်တဲ့ကလေးလေးပြီးတော့ ရပ်ကွက်ထဲကကလေးတွေနဲ့တစ်ခါမှထွက်မကစားဘူး သူ့ဘာပဲနေတတ်တာ အတန်းလေးကြီးလာမှသီတာစိုးတို့ ဆုနိုင်အောင်တို့နဲ့ပေါင်းတာ"

ရင်မှာဒဏ်ရာဆူးWhere stories live. Discover now