အခန်း ၁

2.5K 156 2
                                    

Be happier than me

အခန်း ၁: ဘာမှမပြောနဲ့

အေးစက်တဲ့ခွဲစိတ်ခန်းထဲက ထွက်လာပြီးနောက် လီချန်က မောပန်းနွမ်းနယ်ကာ မူးလဲချင်နေခဲ့သည်။ ခွဲစိတ်ခန်းထဲတွင် ခုနစ်နာရီကြာခဲ့ပြီးနောက်  ဝန်ထမ်းတွေအကုန်လုံး တစ်ယောက်မျှ အခြေအနေမကောင်းခဲ့ပေ။

လီချန်က ဝန်ထမ်းနားနေခန်းထဲသို့ ပြန်သွားနေစဥ် ပြင်းထန်တဲ့နာကျင်မှုတစ်ခုက သူ့ခေါင်းထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားကာ  သူ့ခေါင်း ပွင့်ထွက်သွားတော့မလိုခံစားလိုက်ရသည်။ မကြာသေးမီက သူခေါင်းကိုက်တာတွေ ပိုပြီးဆက်တိုက်ဖြစ်လာကာ အသက်ကြီးလာလို့များလား။

အမြဲတမ်း အားအပြည့်ဖြစ်နေတတ်တဲ့သူကို တွေးမိတော့ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် မပင့်တက်သွားပဲ မနေနိုင်တော့ပေ။လီရွေ့ကလည်း အသက်၂၈နှစ်ရှိပြီ ဖြစ်သော်လည်း ဘာကြောင့် ၎င်းတို့နှစ်ဦးကြားတွင် ဒီလောက်ကြီးမားတဲ့ကွာခြားချက်ကြီး ရှိနေရသလဲ။

T/N: သူတို့ရဲ့မျိုးရိုးနာမည်တွေက တူနေပေမယ့် သူတို့က အမျိုးမတော်ကြပါ။

ရုံးခန်းကို ပြန်ရောက်လာတဲ့အခါ ခေါင်းထဲမှာ တဒုတ်ဒုတ်ခုန်နေတာ ပိုဆိုးလာခဲ့သည်။ ဒီနေရာက သူနာပြုစုရပ်က စိုစွတ်နေတဲ့ဈေးနှင့်တူနေကာ လူတိုင်းက  သူတို့ရဲ့အလုပ်ကို အပြေးအလွှားလုပ်နေကြပြီး ဖရိုဖရဲမြင်ကွင်းကို ဖန်တီးနေကြသည်။

ရုံးခန်းထဲတွင် ဆရာဝန်များက သူတို့ရဲ့ ကွန်ပျူတာတွေမှာ စာရိုက်ကာ အလုပ်များနေချိန်တွင် လီရွေ့ကစားပွဲပေါ်တွင် ခြေထောက်ကို တင်ထားကာ ထိုင်ခုံပေါ်တွင် ထိုင်နေတဲ့ တစ်ဦးတည်းသောသူ ဖြစ်သည်။

"ရှောင်းချန်ချန် နောက်ဆုံးတော့ မင်းပြန်လာပြီ။ မင်းကိုငါစောင့်နေတာကြာလှပြီ မင်းရဲ့ခွဲစိတ်မှုက ဘာလို့ ဒီလောက်ကြာနေရတာလဲ။ ဗိုက်ဆာနေလား ငါ မင်းအတွက် မင်းအကြိုက်ဆုံး Kung Paoကြက်​သားကြော်ဝယ်ခဲ့တယ်။  လာစားလိုက်!"

သူ့ရှေ့က ခွေးအကြီးကြီးနဲ့တူတဲ့ ယောက်ျားကို ကြည့်ကာ လီချန်က ရုတ်တရက် စိတ်အခြေအနေကောင်းသွားသည်။ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် လီရွေ့က ဘယ်လိုလုပ် နေ့တိုင်း ဒီလောက်ပေါ့ပေါ့ပါးပါး ပြုံးနေနိုင်ရတာလဲ သူနားမလည်သေးပေ။ 

ငါ့ထက်ပိုပြီး ပျော်ပါစေWhere stories live. Discover now