အခန်း ၃

752 129 2
                                    

Be happier than me

အခန်း ၃ : အချစ်ရဲ့ အဆုံးသတ်ရောက်လာပြီ

နောက်ထပ် သီတင်းပတ်တစ်ပတ်ကုန်ပြီးနောက်  လီရွေ့က လီချန်ကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ KTV ကို ဆွဲခေါ်သွားခဲ့သည်။

လီရွေ့ကအလွန်စိတ်လှုပ်ရှားနေပြီး မိုက်ခရိုဖုန်းကို တစ်ချိန်လုံးကိုင်ထားသည်။ အရက်သောက်ပြီးနောက် ပါးပြင်များ နီမြန်းလာပြီး လူတစ်ကိုယ်လုံး ဘယ်ညာ ယိမ်းယိုင်နေသော်လည်း အရက်မူးနေကြောင်း ဝန်ခံရန် ငြင်းဆိုနေခဲ့သည်။

လီချန်ကို သီချင်းဆိုဖို့ လူတိုင်းက တိုက်တွန်းခဲ့ကြပေမယ့် ခုဏက စကား​ပြောကာ ဆူညံနေခဲ့ကြပြီးနောက် သူ့ခေါင်းတွေ တဒိတ်ဒိတ် မူးဝေနေခဲ့သည်။

ထိုအချိန်တွင် လီရွေ့က လီချန်ရဲ့ခါးကို လဲမကျအောင် ကိုင်ထားပြီး အော်ဟစ်လာခဲ့သည်။ 

"ငါတို့ရဲ့ ရှောင်းချန်ချန်အတွက် Daniel Chanရဲ့ Be Happier  than Me' ကို ဖွင့်ဖို့တောင်းဆိုတယ်ဟေ့! "

လီချန်ရဲ့နှလုံးသားက ခုန်သွားခဲ့သည်။ သူ့ခေါင်းကို အနည်းငယ်လှည့်ကြည့်လိုက်တော့ သူနှင့် လီရွေ့ရဲ့နှာခေါင်းထိပ်တွေက ထိသွားပြီး ပြင်းထန်တဲ့အသက်ရှုသံတွေက သူ့မျက်နှာကို တိုက်ခတ်လာကာ တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။

"ကောင်းတယ် ကောင်းတယ်!  လီချန် သီချင်းဆို သီချင်းဆို သီချင်းဆို !"

လီချန်က အရက်အလွန်အကျွံမူးနေတဲ့သူကို တွန်းထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူက မိုက်ခရိုဖုန်းကိုကိုင်ကာ သူ့ကို လီရွေ့တွယ်ကပ်နေတာကို ခွင့်ပြုရင်း သူအကြိုက်ဆုံးသီချင်းကို သီဆိုဖို့ ပါးစပ်သာဖွင့်လိုက်ရတော့သည်။

ကျေးဇူးပြုပြီး ငါ့ထက် ပိုပျော်ရွှင်ပါစေ

 ငါ ရှက်ရွံ့စွာနဲ့အရှုံးမပေးခင်

ဘယ်လောက်ပဲ နာကျင်နေပါစေ

အဲဒါကိုပြင်ဆင်ဖို့ မင်းဝမ်းနည်းနေစရာ မလိုဘူး

အနည်းဆုံး မင်းရဲ့အောင်မြင်မှုကို ငါဖြည့်ဆည်းပေးနိုင်တယ်။

ငါ့ထက်ပိုပြီး ပျော်ပါစေWhere stories live. Discover now