*161* ပုံရိပ်ယောင်

7.1K 1.3K 39
                                    

လူတွေကို တိုက်ခိုက်ဖို့ ဘယ်သူအော်လိုက်တာလဲလို့ ရုန်ယိလှမ်းကြည့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ဖြစ်နေတာကြောင့် သူ့မှာ နှုတ်ခမ်းထောင့်တွေ တွန့်သွားရသည်။
"ပြဿနာကောင်"

ရုန်ယိခန္ဓာကိုယ်က သူ့ကို ပြုံးဖြီးဖြီးလုပ်ပြလာသည်။

တစ်ခြား နေရာသုံးခုမှာတော့ လေထုထဲမှာ မန္တန်တွေ ၊ မှော်သိုင်းကွက်တွေနဲ့ ပြည့်နှက်နေကာ သွေးညှီနံ့တွေက ဂူတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး အလောင်းတွေကတော့ မြေပြင်ပေါ်မှာ အကြားမလပ်နိုင်အောင် လဲကျနေကြလေသည်။

ရုန်ယိတို့ဘက်က လူတွေမှာ တံတွေးသာမျိုချလိုက်မိတော့သည်။
"ကိစ္စတွေက ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ကုန်ကြရတာလဲ"

"နောက်တစ်လှည့်က ကျုပ်တို့အလှည့်ဖြစ်လာမှာ စိုးမိတယ်"

"ထွီ..ထွီ..ထွီ.. အဲ့စကားကို ထပ်မပြောနဲ့စမ်း"

လူတစ်ရာလောက် သေဆုံးသွားပြီးနောက်မှာတော့ ထိုသားရဲတွေ ပျောက်ကွယ်သွားကြတော့သည်။

ကျင့်ကြံသူတွေမှာ တိုက်ခိုက်နေမှုတွေကို ရပ်တန့်လိုက်ပြီး ပတ်ပတ်လည်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်လိုက်ကြ၏။
"ဒါ..ဒါ.ကြီးက ပြီးသွားပြီလား.."

ရုန်ယိနဲ့ ဖျန့်ရှီတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
"နောက်တစ်ကြိမ်က ကျွန်တော်တို့အလှည့်ဖြစ်နိုင်တယ်"

ဖျန့်ရှီကလည်း ခေါင်းငြိမ့်ပြလာ၏။

ရုန်ယိခန္ဓာကိုယ်ကလည်း ဒါကို သတိပြုမိသွားပုံရကာ ရုန်ယိနားကို အမြန်ရောက်ချလာသည်။

ထိုအချိန်မှာဘဲ မြေပြင်က နောက်တစ်ကြိမ် တုန်ခါလာပြန်တာကြောင့် သူတို့မှာ အမြန် ငုံ့ကြည့်လိုက်မိကြသည်။
"မြေပြင်က နောက်တစ်ခါ ထပ်ကွဲသွားဦးမှာလား"

မြေပြင်က အကြိမ်အနည်းငယ်လောက် တုန်ခါပြီးနောက် ပြန်လည်ငြိမ်သက်သွား၏။

ဒီတစ်ကြိမ်မှာ မြေပြင် ထပ်မကွဲသွားတဲ့အတွက် သူတို့မှာ စိတ်သက်သာရာရသွားကြသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now