Description

4.2K 206 6
                                    


Name- The Last Killer
Original Author- 无射( shè)
အမှုတွဲ Total: 7ခု

မူလစာရေးဆရာက Gongအလှလေးတွေရေးရတဲ့typeမျိုးဖြစ်တာကြောင့် လီယိုက တရုတ်ကပြား အရမ်းကိုလှတဲ့ Gongပါ။ ရှားချင်က strong shouပါ။ တစ်ခါတစ်ရံsekeအခြေအနေလည်းဖြစ်နိုင်ပါတယ်တဲ့😁

သူက လူတွေရဲ့ လိုအင်ဆန္ဒတွေကို သုံးပြီး
ထောင်ချောက်ဆင်တယ်။သူက သွေးကိုသုံးပြီး
ဖျားယောင်းသွေးဆောင်တယ်။ သူက သူ့ရဲ့
ရုပ်ရည်ကိုသုံးပြီး ဟန်ဆောင်တတ်တယ်။
ဝံပုလွေတစ်ကောင်လို သူ့ရဲ့သားကောင်ကို
အရိပ်တွေကနေ အမဲလိုက်တယ်။ သူက
FBIရဲ့ အလိုချင်ဆုံး စာရင်းဝင် ကွင်းဆက်
လူသတ်သမားတွေထဲက တစ်ယောက်ဖြစ်တယ်။
သူက သူ့ရဲ့ကိုယ်ပိုင် ဥပဒေဖြစ်တဲ့ "Lex Talionis"
(မျက်လုံးတစ်လုံးဆုံးရင်၊မျက်လုံးတစ်လုံးချင်း
သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်း)
နဲ့ ပြုမူနေထိုင်တယ်။သူက ကိစ္စအားလုံးကို
သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ပြီး လွတ်လပ်ပြီး
အရုိင်းဆန်တယ်။ သူ့ရဲ့ကိုယ်ပိုင်နာမည်ကို
သူကိုယ်တိုင်ပေးထားတာက......"ရှားချင်(နောက်ဆုံး လူသတ်သမား)တဲ့"
...................................

နှစ်ဦးသား ပထမဆုံး တွေ့ဆုံတုန်းက.....

လီယို - "အပြစ်သားရဲ့ ရည်ရွယ်ချက်က လူ့အသက်ကို ရန်ရှာချင်တာ မဟုတ်ဘူး။ သူက ကျိုးပျက်နေတဲ့ တရားဥပဒေနဲ့ အကျင့်သိက္ခာ ချိန်းကြိုးတွေကို
လူတွေရဲ့ နှလုံးသားထဲက မကောင်းဆိုးဝါးနဲ့
ပေါင်းစပ်ပြီး သူ့အလိုကို လိုက်အောင်လုပ်လိုက်တာပဲ"

"လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင်
မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ
ရောပေါ့"

ရှားချင်က သူ့လက်ညှိုးကို ဆန့်တန်းလိုက်ရင်း
လီယိုရဲ့ နှလုံးသားနေရာသို့ ညွှန်ပြလိုက်သည်။

"ဟုတ်တယ်၊ဒါပေမဲ့ မင်းနဲ့ မတူတာက
ငါကတော့ အဲဒီချိန်းကြိုးတွေကို အသုံးပြုပြီး
ငါ့ရင်ထဲက လာတဲ့ မကောင်းဆိုးဝါးကို
လှောင်အိမ်ထဲမှာ တင်းတင်းကြပ်ကြပ် ပိတ်
လှောင်ထားလိုက်မှာ"

"အဲဒါက မင်းထင်သလောက် မလွယ်ကူဘူး
လီယို။ အရာအားလုံးက အမြဲတမ်း ပြောင်းလဲနေပြီး
မင်းရဲ့ ထိန်းချုပ်မှု လက်အောက်မှာတောင်........"

သူ့ရဲ့ သွေးစွန်းနေတဲ့ နှုတ်ခမ်းတွေနဲ့ ရုတ်တရက်
ခေါင်းမာလှတဲ့ FBI စုံထောက်လေးရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်လေသည်။

သွေးရဲ့ ငံကျိကျိအရသာက နှစ်ယောက်စလုံးရဲ့
ပါးစပ်ဖျားမှာ ပြန့်သွားပြီး ပြင်းရှရှ အထိအတွေ့ဟာ
သူတို့ရဲ့လျှာထိပ်ဖျားတွေ လောင်ကျွမ်းဖို့
လုံလောက်သည်။

လီယိုရဲ့ မျက်ခွံတွေ တဖြည်းဖြည်း လေးလံလာပေမဲ့
သူက ဒီလိုလုပ်ခံရတဲ့အပေါ် နည်းနည်းလေးမှ
မတုန်လှုပ်ပေ။

"မင်းဒါကိုလည်း ပွေမယူဘူးမလား????"

သူက သူ့လက်ကောက်ဝတ်ကို ကြိုးစားမြှောက်ပြလိုက်ရင်း မျက်လုံးတွေ မှိတ်သွားသည်။

ရှားချင် ငုံ့ကြည့်လိုက်တော့ လီယိုရဲ့ညာဘက်လက်နဲ့ခတ်သွားတဲ့ သူ့ဘယ်ဘက်လက်က စတီးလက်ထိပ်ကို မြင်လိုက်ရသည်။

သူကသူ့ခေါင်းကို အောက်ငုံ့လိုက်ပြီး အိပ်ပျော်သွားသော ယောက်ျားရဲ့ စိုစွတ်ပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို နမ်းလိုက်ရင်း တိုးတိုးလေး ပြောလာသည်။

"နှုတ်ဆက်ခဲ့ပါတယ်၊ ရဲရင်တဲ့ ခြင်္သေ့ပေါက်စလေး"

သူက သူ့ရဲ့ကိုယ်ပိုင်လက်ကို လက်ထိပ်ဖြုတ်ရန်
ချိုးလိုက်ပြီး မတ်တပ်ထရပ်ကာ အမှောင်ထုထဲသို့
သူ့ရုပ်ကို မမြင်ရသည့်တိုင်အောင် တိုးဝင်သွားတော့သည်.................

...........

Note: နီနီကိုယ်တိုင်က စုံထောက်ဝတ္ထုတွေသဘောကျလို့ ပြန်တာဖြစ်ပါတယ်။ အဲဒီအတွက် မူရင်း စာရေးဆရာကိုရော Etranကိုရော creditပေးပါတယ်။ ပြီးတော့ ဒီမှာ ဇာတ်ကောင်တွေရဲ့နာမည်က အင်္ဂလိပ်အသံထွက်အတိုင်းပဲရေးပါမယ်။ မူလစာရေးသူရဲ့ မှတ်ချက်အရ အမေရိကန်မှာဇာတ်အိမ်တည်ထားတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ သို့ပေမဲ့ တရုတ်လိုအသံထွက်ရင် ဥပမာ Royဆို တရုတ်မှာလော့ရိဖြစ်ချင်ဖြစ်ပါမယ်။ လော့ရိနဲ့Royက အတူတူပါပဲဆိုတာ သိစေချင်ပါတယ်။ ဒီတစ်ခုကိုပြန်ဖို့အတွက် လက်နက်တွေရော တိုက်ခိုက်ပုံတွေရော အကုန်လုံးကို ဂလူးဂလူးခေါက်လိုက်၊ အိမ်ဘေးက လုံခြုံရေးကုမ္ပဏီက ဦးလေးကြီးတွေသွားမေးလိုက်လုပ်ထားရပါတယ်။ အတတ်နိုင်ဆုံး နားအလည်ဆုံး ပြန်ပေးပါမယ်။ အကြံပေးချင်တာရှိရင်လည်း ပေးလို့ရပါတယ်။

............

The Last Killer (Myanmar Translation)Where stories live. Discover now