အမှုတွဲ(၄) : (နတ်မိမယ်၏ အခန်း)

192 21 1
                                    

Chapter(1)

အပြာနှင့်ခရမ်း (၁)

တစ်လကြာပြီးနောက် နယူးယော့ခ်မြို့  ဂျေအက်ဖ်ကေ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌...........

လီယိုနှင့် လီပိချင်တို့ နှစ်ယောက်စလုံး လက်ဆွဲအိတ်တွေ ဆွဲကိုင်ပြီးနောက် လေယာဥ်ကွင်းထဲမှ ထွက်လာပြီး ကားပါကင်ရှိ တက္ကစီ ရပ်နားရာ နေရာသို့ ထွက်လာခဲ့လိုက်သည်။

“၁၀၃ အ‌ရှေ့ ၈၆လမ်း မက်ဟန်တန်” သာမန်အဝတ်အစားဖြင့် အေးဂျင့်က တက္ကစီဒရိုင်ဘာကို ပြောလိုက်သည်။ “သီချင်းလေး နည်းနည်းလောက်ရော တိုး‌ေပးလို့ရမလား????”

ခေါင်းပေါ်၌ တစ်မွှေးစနှစ်မွှေးစ ပေါက်နေသည့် လူမည်းဒရိုင်ဘာက ဘာမှမကြားမိသလို ငြိမ်နေလိုက်သည်။ ကားထဲတွင် ၎င်းက မြွေတစ်ကောင်လို တွန့်လိမ်ကောက်ကွေးနေအောင် ရေဒီယိုမှကြားရသော သီချင်းသံအတိုင်း လိုက်ကနေပြီး သူ့ကိုယ်သူ ရပ်ပါတစ်ယောက်ဟု ထင်နေသည့်အလား။ ခဏလောက် ကြာပြီးနောက် သူက သူ့ဖောက်သည်ဘက်ကို ပြန်လှည့်ကာ ဖြေလိုက်သည်။ “အသံတိုးရမယ်?????မင်းက ဒါကို အပေါစားသီချင်းမှတ်နေတာလား????ဒီမှာကိုယ့်လူ မင်းရဲ့ အနုပညာအမြင်ကို သက်တမ်းတိုးသင့်ပြီ။ ခေတ်သစ်သီချင်းတေွနောက်ကြည့်လိုက် မနေနဲ့”

သူက ပြောပြီးသည့်နောက် သူ့နှုတ်ခမ်းကို တစ်ချက်စေ့လျက် ကားနောက်မှန်က တစ်ဆင့် သူ့ဖောက်သည်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့ဝတ်ထားသည့် အဝတ်အစားများက တောက်ပြောင်နေတာကြောင့် သူနှင့် အဆင့်မတူမှန်းသိသည်နှင့် “‌ေတာက်ပ ေနလည်း အလကားပဲ။ အဓိကက စိတ်ဝိဉာဥ်ကွ စိတ်ဝိဉာဥ်သန့်ရှင်းဖို့လိုတယ်။ အဲဒီအတွက် ဟစ် ေဟာ့ပ်ကသာ မင်းကို အနုပညာအစပျိုးသူ တိုင်လာ(ေခတ် ေဟာင်းပိုင်း ရပ်ပါတစ်ဦး) လို လွတ်လပ်ပေါ့ပါးနေစေမှာ။ဒီစာသားလေးကို နားထောင်ကြည့်ကြည့်လိုက်ဦး။” သူက တင်ပါးကို လှုပ်ခါလုိက်ပြီး သီချင်းကို ကျယ်သထက်ကျယ်အောင်ဖွင့်ကာ စီယာတုိင်ကို ထိရုံလောက်သာ မောင်းနေခဲ့သည်။ ထို့နောက် ခရီးသွားကားတစ်စီးဟာ တစ်ဖက်လမ်းထောင့်မှ ချိုးဝင်လာရင်း ၎င်းတို့ကားနှင့် အပြိုင်မောင်းလာခဲ့သည်။ ၎င်းနောက် ခရီးသည်တင်ကားက တက္ကစီကို ဖြတ် ေကျာ်သွားသည့် အခါမှာတော့ သူတို့ တက္ကစီဆရာက ပြတင်းပေါက်မှ ခေါင်းထွက်ကာ ဒေါသတကြီး ဆဲရေးလုိက်သည်။ “ မင်းတို့ လမ်းတစ်ဝက်အပြည့်နေရာယူထားတာ သိရဲ့လား အရူးတေွရဲ့......”

The Last Killer (Myanmar Translation)Where stories live. Discover now