chapter 8

125 34 2
                                    

ပြတင်းပေါက်မှတစ်င့် သေမင်းတမန်ချိုးဖောက်ဝင်ရောက်ခြင်း

ညမှောင်လာတော့ Chevrolet Suburbanကားလေးဟာ FBI ချီကာဂိုရုံးရဲ့ မြေအောက်ကားပါကင်မှာ
ထိုးလိုက်သည်။ လီယိုက ကားစက်ပိတ်လိုက်ပြီး
သော့ကိုထုတ်လိုက်သည်။ သူက သူ့နောက်ကျောမှ
ပတ်တီးစီးထားသော ဒဏ်ရာကို ထိန်းကိုင်လျက်
တံခါးကို ဖွင့်ကာ ကားထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့လိုက်သည်။

Thomson ရွာရှိ ဆေးခန်းလေးတစ်ခုမှဆရာဝန်က
သူ့ရဲ့ ဒဏ်ရာ၂ခုစလုံးကို ချုပ်ပေးခဲ့သည်။
ဓားဒဏ်ရာထိသွားပြီး ကျောက်ခဲများနှင့်ပွတ်တိုက်မိထားသော လက်ကိုလည်း ကုသပြီးဖြစ်သည်။
သွေး ၄၀၀ccလောက် သွင်းပြီးနောက် သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာခဲ့သည်။ အဝတ်အစား
အသစ်များ လဲလှယ်ပြီးနောက်ပြန်လည်သက်သာသလိုခံစားရသော်လည်း သူ့ဒဏ်ရာတွေကတော့
အရှင်းမပျောက်သေးပေ။

"မင်းရာသီလာနေတာလား???မျက်နှာဖြူမြေခွေးလေး....မင်းခန္ဓာကိုယ်က သွေးနံ့တွေရနေတယ်"

ချွဲပြစ်ပြစ် အသံက သူ့နောက်က ထွက်လာခဲ့သည်။

လီယိုက အေးစက်စွာ လှည့်ကြည့်ရင်း ပြောလိုက်သည်။

"FBIရုံးမှာ တစ်သက်လုံး အလုပ်လုပ်နိုင်ပါစေလို့
ခင်ဗျားဆုတောင်းထားပေါ့....မဟုတ်ရင် ကျုပ်က
ခင်ဗျားပါးစပ်ထဲကို သေနတ်နဲ့ပစ်ပစ်မယ်"

"တစ်နေ့နေ့တစ်ချိန်ချိန် မင်းသာငါ့ကိုနိုင်ခဲ့မယ်ဆိုရင် မင်းမှာ "သေနတ်" ရှိတယ်ဆိုတာ ဝန်ခံလိုက်မယ်"

အန်သိုနီက အပြောင်အပြက် ထပ်ပြောနေခဲ့သည်။

သူ့ရဲ့လတ်လတ်ဆတ်ဆတ်ဒဏ်ရာက ပြန်ပြီးချုပ်ရိုး ပွင့်လာသလို လီယိုခံစားလိုက်ရသည်။
သူက စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်လာခဲ့တော့သည်။ သူထိရှတတ်ခြင်းကသာ ထိုလူလိုချင်သည့်အရာဖြစ်သောကြောင့်ပင်။

အန်သိုနီက သူ့နောက်က လိုက်လာပြီး သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ဟေး..အရမ်းကြီး မစိမ်းကားပါနဲ့...ငါက ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ဂရုစိုက်ပါတယ်ကွ။
မင်းဒဏ်ရာရနေတာမလား????လတ်လတ်ဆတ်ဆတ် သွေးနံ့ပဲ"

The Last Killer (Myanmar Translation)Where stories live. Discover now