chapter 14 part1

141 27 1
                                    

လူနာလာမေးကြသူများ (1)

လီယိုသတိပြန်ရလာသည့်အချိန်တွင် ဆေးရုံမျက်နှာကျက်၏ အဖြူရောင်အပိုင်းအစသည် မျက်လုံးထဲ တဖြေးဖြေးအကောင်အထည်ပေါ်လာခဲ့သည်။
သူ့မျက်တောင်တွေကို တဖြတ်ဖြတ်ခတ်နိုင်ပေမယ့် လည်ပင်းကိုတော့
မလှုပ်နိုင်ပေ။သူ့မျက်နှာကိုထိကြည့်လိုက်သောအခါတွင်တော့ မျက်နှာတစ်ပြင်လုံး ပတ်တီးများနှင့်စည်းထားပြီး သူ့ပုံစံက မံမီတစ်ကောင်နဲ့တူလှသည်။သူ၏ နာကျင်ခံစားမှုအလုံးစုံက တစ်ဝက်မျှသက်သာသွားရပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ တိမ်တွေထဲ မျှောလွင့်နေသလိုခံစားနေရသည်။

လီပိချင် တံခါးကိုဖွင့်လိုက်သည်နှင့် လီယိုနိုးနေတာတွေ့တော့ အံ့အောသွားရပြီး "လီယို မင်းနိုးလာပြီဘဲ!!!" သူက ကုတင်ဘေးနားလျှောက်သွားလိုက်ပြီး လီယိုလက်ကို ဝမ်းသာတကြီး ကိုင်ဆွဲလိုက်ပြီးနောက် သတိရကာ ဖြည်းဖြည်းပြန်ချလိုက်သည်။ "မင်းမျက်နှာကိုမထိနဲ့ဉီး!! မင်းမေးရိုးလွဲသွားလို့ခွဲစိတ်မှုခံယူထားရတာ! ဆရာဝန်ကတော့ အရမ်းနာနေရင် မင်းဘာသာမင်း အကိုက်အခဲပျောက်ဆေးကို ချိန်ညှိပြီး Dripချိတ်လို့ရတယ်တဲ့"

လီယိုက စကားပြောရန် နူတ်ခမ်းများစတင် လှုပ်လိုက်သည်နှင့် လီပိချင်က "မင်းရက်ပိုင်းလောက်စကား‌မပြောတာကောင်းမယ်ထင်တယ်၊ မင်းတစ်ခုခုလိုရင် ငါ့ကိုစာရေးပြီးပြောလေ။" သူကပြောရင်းပင် သူ့ဘေးနားရှိ စားပွဲခုံပေါ်က စာရွက်နဲ့ဘောပင်ကိုယူကာ စာရွက်ကိုလီယိုရှေ့ချလျက် ဘောပင်ကိုလီယိုလက်ချောင်းတွေထဲ ထည့်ပေးလိုက်သည်။

လီပိချင်က "မင်းငါ့ကို နှစ်သိမ့်နေမယ့်အစား မင်းကိုယ်မင်းပိုဂရုစိုက်သင့်တယ်။ မင်းကိုယ်မင်း ဒဏ်ရာတွေဘယ်လောက်တောင် ရခဲ့လဲဆိုတာ မင်းသိလား? ငါခွဲစိတ်ခန်းရဲ့မှန်တံခါးအပြင်ဘက်ကနေ စောင့်ကြည့်နေခဲ့ရတာ။ ဆရာဝန်တော်တော်များများ မင်းကိုကျိုးပျက်နေတဲ့အရုပ်တစ်ရုပ်လိုမျိုး အပ်တွေနဲ့အချက်ပေါင်းများစွာ ချုပ်နေတာ!! အဲ့ဒီ့အချိန်တုန်းက ငါလေတကယ့်ကို..." သူကဆက်ပြောမထွက်တော့ပေမယ့် သူ့မျက်ဝန်းထဲမှာတော့ ဝမ်းနည်းမှုအရိပ်အယောင်တွေနဲ့ပြည့်နေခဲ့သည်။

The Last Killer (Myanmar Translation)Where stories live. Discover now