အမှုတွဲ၃: Deep blue စစ်တုရင်computer

207 33 3
                                    

Chapter1

ဝင်လုဆဲဆဲနေ၏ အလင်းရောင်ဟာ ပြတင်းမှန်အကြည်မှတစ်ဆင့် အောက်သို့ ညိုမှိုင်းမှိုင်းအသွင်ဖြင့် တဖြည်းဖြည်း ဖြာကျကာ မျက်နှာကျက်မှတစ်ဆင့် စားပွဲခုံ၊ကြမ်းပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။
စားပွဲ၏ အလယ်တွင်တော့ စစ်တုရင်ခုံတစ်ခုရှိပြီး
ဘုတ်ပြားပေါ်၌ ဘုရင်များ၊ဘုရင်မများ၊ရထားလုံးများ၊မြင်းရုပ်များ၊ဘုန်းကြီးများနှင့်အသေးစားစစ်သားရုပ်များဟာ သူ့နေရာနှင့်သူ တိတ်ဆိတ်စွာ နေရာယူနေပြီး စစ်ပွဲတစ်ခုစတင်ရန် စောင့်ဆိုင်းနေခဲ့သည်။

အကြမ်းဖြင်းပြောရလျှင်တော့ သလင်းကျောက်နှင့်
လုပ်ထားသည့် အဖြူအမည်း ဘုတ်ပြားပေါ်တွင်
စစ်တုရင်အရုပ်လေးများ တင်ထားသည်ပင်။
အဖြူရောင် စစ်တုရင်အရုပ်လေးများ၏ အရောင်မှာ အနီးကပ်ကြည့်လျှင် သေတာ့မည့်လူတစ်ယောက်၏ ဖြူဖျော့ဖျော့အသားအရေအရောင်လို
ထုံးမှုန့်များ မညီမညာဖြူးထားသည်နှင့်တူပြီး
အနက်ရောင်အရုပ်တွေကတော့ အရစ်တိုင်းအရစ်တိုင်းမှာ သံချေးတက်နေသလိုမျိုး အညိုရင့်ရောင်ဘက်ပြောင်းနေခဲ့သည်။

ဘယ်ဘက်ရှိ ဆိုဖာတစ်ခုပေါ်မှ အရိပ်ထဲရှိ အနက်ရောင်လက်တစ်ဖက်ထွက်လာကာ အသားမာတက်နေသည့် လက်မနှင့်လက်ညှိုးနှစ်ချောင်း ညှပ်ကာ အဖြူရောင်စစ်သားရုပ်ကို ကောက်လိုက်ပြီး ရှေ့တစ်ကွက်ကျော် E4သို့ ရွှေ့လိုက်သည်။

*စစ်တုရင်မှာ အတိုင်အတန်းရှိပါတယ် ညီမလည်း
googleကရှာထားတာပါ။ ေအာက်မှာပုံတွေပြပေးပါမယ်*

ထိုအရွေ့တစ်ချက်သည် စတိတ်စင်ပေါ်ရှိ
ကားလိပ်တွေ မတင်လိုက်သည့်အချိန်လိုမျိုး၊
ဂိမ်းပွဲတစ်ခု၏ အစကို အချက်ပြလိုက်ခြင်းကဲ့သို့ပင်။

ညာဘက်ဆိုဖာပေါ်မှ အဖြူရောင်လက်တစ်ဖက်
ထွက်လာခဲ့ပြန်သည်။ အင်္ကျီလက်ကို လှန်တင်ထားတော့ ကြောက်စရာမီးလောင်ဒဏ်ရာတစ်ခုကို
တွေ့လိုက်ရသည်။ လက်သည်းတွေကွာနေသည့်
လက်ချောင်းထိပ်များက အနက်ရောင် စစ်သား
ရုပ်တုကို C6နေရာသို့ရွှေ့လိုက်သည်။

*စစ်တုရင်က ကျားလိုပါပဲ အရောင်ကိုပြောပါတယ်။ အဖြူရောင်နဲ့အမည်းရောင်ရှိပါတယ်။
အခုလက်ရှိက ဘယ်ဘက်ကလက်က
အဖြူရောင်ယူပြီး ညာဘက်က လက်က
အမည်းရောင်ယူထားပါတယ်။ E4နဲ့D6ဆိုတာ
စရွှေ့ရတဲ့နေရာတွေပါ*

The Last Killer (Myanmar Translation)Where stories live. Discover now