_5_.

4K 416 7
                                    

ရှောင်းကျန့် တို့ လေးယောက် က တစ်စုထဲ ဖြစ်သွားကာ ဘယ်သွားသွား အမြဲတတွဲတွဲ အိမ်သာသွားရင်တောင် တစ်ယောက်သွားရင်နောက်တစ်ယောက်က အဖော်လိုက်ပေးသည်။အခုလည်း ဗိုက်ဆာလို့ ကျောင်းကန်တင်းကို လေးယောက်အတူလျှောက်လာခဲ့ကြသည်။

သူတို့ လေးယောက်လျှောက်လှမ်းလာ တာကို တွေ့သမျှ ကျောင်းသား ကျောင်းသူတွေရဲ့ မျက်လုံးတွေက ဘလင်းဘလင်း တွေလင်းလက်နေလေရဲ့။

//ဟဲ့...ငါကြိုက်လိုက်တာ ဒါငါရဲ့ ideal type ပဲ//

//လေးယောက်ထဲမှာ ထောင့်ဆုံးကတစ်ယောက် လုံးဝ ငါ့type ငါ့type//

//သူတို့က ငါ့ဘဝရဲ့ ရွှေရင်အေးလေး ဒီကျောင်းတက်တာ မှန်သွားပြီ//

ရှောင်းကျန့် ဖြတ်သွားရင်း ကျောင်းသား ကျောင်းသူတွေရဲ့ စကားတွေကို သူ့နားနဲ့ ဆက်ဆက်ကြားရတော့ ရှောင်းကျန့် သူချောတာသူသိတာမို့ မျက်နှာကိုမော်ချီထားလိုက်သည်။

"ရှောင်းကျန့် သူတို့တွေပြောနေတာ ငါတို့ကိုလား "

ဖန်ရှင်း ရှောင်းကျန့် အနားကပ်ကာ တိုးတိုးလေးကပ်မေးလိုက်သည်။

"ဒါပေါ့...ငါတို့ကလွဲ ဘယ်လိုဖြစ်နိုင်မှာလဲ"

ရှောင်းကျန့် သူငမ်းစရာမလို့ သူတို့ကို လာငမ်းနေကြတော့ ရှောင်းကျန့်ဂုဏ်ယူစွာပြောလိုက်သည်။

ရှောင်းကျန့် ၊ ကျိရန် ၊ ဖန်ရှင်းတို့က မျက်နှာအသားကုန်ပြုံးကာ တွေ့သမျှလူတိုင်းကို ခေါင်းညိမ့်ပြုံးပြနေသည်။ မသိရင် idol တွေက Fan တွေကို ပြုမှုသလိုပေါ့။ဒီလေးယောက်ထဲမှာ ကျန်းချန်က အနည်းငယ်တည်ငြိမ်နေတယ်။

//ဟဲ့....ဟိုတစ်ယောက် ခနကခုန်လိုက်တာ လစ်ကနဲ ပေါ်လာတဲ့ six pack ကြီးငါတွေ့လိုက်တယ်//

ရှောင်းကျန့်တို့ ကန်တင်းထဲ ဝင်ခါနီးအပေါက်မှာ ရပ်နေတဲ့ကောင်မလေး၃ယောက်စကားကြောင့် သူတို့ခြေလှမ်းတွေရပ်တန့်လိုက်ပြီး ထိုကောင်မလေး ၃ယောက်ကိုကြည့်လိုက်သည်။

ထိုရပ်နေတဲ့ ကောင်မလေး ၃ယောက်ထဲမှာ ခနကစကားကို နှစ်ယောက်က အချင်းချင်းတံတောင်နဲ့တွက်ကာပြောနေပြီး နောက်တစ်ယောက်က မျက်လုံးကြီးပြူးကာ အအေးခွက်ကိုခွက်ထားရင်း ပါးစပ်ထဲကအအေးတွေကလည်း နှုတ်ခမ်းထောင့်ကနေ တစ်တောက်တောက်နဲ့ စီးကျနေသည်။

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Where stories live. Discover now