"ကျန့်ကျန့်"
မနက်အိပ်ရာနိုးကတည်းက သူ့ကိုစကားမပြောပဲ ကျောင်းသွားဖို့လုပ်နေတဲ့ ကျန့်ကျန့်ကို ရိပေါ် စက်ဘီးကိုထုတ်ရင်းခေါ်လိုက်သည်။
"ဘာလဲ"
"ကျန့်ကျန့်....ဘာဖြစ်နေတာလဲ "
မျက်နှာမှုန်ကုပ်ကာ လက်ကလဲ ဖဲသားလေးထောင့်ခေါင်းအုံးပိုက်ထားလို့ ဘာဖြစ်နေမှန်းမသိ။
"အိပေါ်ကို စိတ်တိုနေတာလေ"
"ငါက ဘာလုပ်လို့လဲ"
ဘာလုပ်လို့လဲတဲ့ မေးရက်လိုက်တာ ညက လူကသာ သေနေတာ လက်က သူ့ဖင်ကို ရစရာမရှိအောင် ညစ်နေတာ မမှတ်မိဘူးလား။
ဟွန့်!!
ရှောင်းကျန့် အိပေါ်ကို စကားဆက်ပြောချင်စိတ်မရှိတာနဲ့ နှာတစ်ချက်မှုတ်လိုက်သည်။
"ဒါနဲ့...မင်းလက်ထဲ ဘာလို့ ခေါင်းအုံးကြီး ပိုက်ထားတာလဲ"
"စက်ဘီးပေါ် ဒီအတိုင်းမထိုင်နိုင်လို့ ဖင်ခုထိုင်မလို့ ရှင်းပြီလား..."
"အံမယ်....စက်ဘီးပေါ်မှာ ဖင်ခုထိုင်ဖို့ပေါ့....ဟုတ်လား....
ဟား....ဟားးး
အိပေါ်က စကားပြောရင်း ထရယ်လာတာကြောင့် ရှောင်းကျန့် အိပေါ်ကို မျက်မှောင်ကြုပ်ကာ ကြည့်လိုက်သည်။ နှုတ်ခမ်းလည်း ထော်ရင်းပေါ့....
"မင်းဖင်က ဘာအဖိုးတန်မို့လို ဒါ....ခုထိုင်ရတာလဲ"
"အဖိုတန်းသလားဆိုတာ အိပေါ် အသိဆုံးမလား....ဘာလို့လဲဆို ကျန့်ကျန့် ဖင်ကို အိပေါ်စွဲလန်းနေတာမလား"
"ငါက...ဘာလို့ မင်းဖင် စွဲလန်းရမှာလဲ"
"အိပေါ် ကျန့်ကျန့် ဖင်ကိုကြိုက်လွန်းလို့ ညက စုပ်ကိုင်ညစ်နေတာ တစ်ညလုံးပဲ မနက်ကျ လက်ယောင်လိုက်ပြီး ထိုင်လို့တောင်မရလို့ ဒါတောင် ယူလာရတာလေ"
"မင်း ဖင်ကိုင်တိုင်း ကြိုက်တယ်ထင်နေလား.....ငါ့အိမ်မက်ထဲ ငါ့ကောင်မလေးနဲ့ ပင်လယ်ကမ်းစပ်က သဲသောင်ပြင်မှာ နုံးတွေလုံးချေပြီး ပစ်ပေါက်ဆော့နေတာ အဲ့ဒါအိမ်မက် မက်ရင်း မင်းက ဘေးနားရှိတော့ ကိုင်မိတာနေမှာပေါ့"
![](https://img.wattpad.com/cover/307108508-288-k788472.jpg)