Chapter 5.2

3K 505 6
                                    

Unicode

Chapter 5.2 - ဟယ်မြောင်

ပိုင်ရှင်က သူ့လက်ပေါ်က ဒဏ်ရာကို မြင်ပြီး အိုင်အိုဒင်းကိုရှာရင်းနဲ့ ပြောတယ်။"မင်းလက် အကုတ်ခံလိုက်ရတယ် သွားဆေးကြောလိုက် ပိုးသတ်ရမယ်"

လီကျန်းက ဆိုင်ထဲက လက်ဆေးကန်ကို ကြည့်လိုက်ပြီး ကြောင်ငယ်လေးကို ပွေ့ကာ  အဲ့ဒီကို လျှောက်သွားတယ်။လီကျန်းက လက်တစ်ဖက်တည်းနဲ့ ရေဆွဲချနေရတာကို ဖန်းဟယ်က မြင်ပြီး သူက ပိုပြီးတော့ အပြစ်ရှိသလိုတောင်ခံစားလာရတယ်။ကြောင်ရဲ့ခြေသည်းလက်သည်းတွေမှာ ရောဂါပိုးမွှားတွေရှိမှန်း သူမသိခဲ့ဘူး။

ပိုင်ရှင်ပေးတဲ့အိုင်အိုဒင်းကို ဒဏ်ရာကိုသန့်ရှင်းဖို့ အသုံးပြုနေရင်းနဲ့ လီကျန်းက ပိုင်ရှင်ကို ပြန်လှည့်ကြည့်ပြီး ပြောခဲ့တယ်"ကျွန်တော် ကြောင်ကလေးကို ၀ယ်မယ်"ပိုင်ရှင်က ခနလောက် ချီတုံချတုံဖြစ်သွားခဲ့တယ်။"မင်းသေချာရဲ့လား ကြောင်ကို ဂရုစိုက်မှာလား"

လီကျန်းက မျက်မှောင်ကြုတ်လိုက်တယ်။"ခင်ဗျားရဲ့ကြောင်ကို၀ယ်ဖို့ ဒီလိုမေးခွန်းမျိုးကို ကျွန်တော်ဖြေဖို့ လိုအပ်သေးတာလား"ပိုင်ရှင်က သူ့ခေါင်းကို ခါယမ်းလိုက်တယ်။"ဘာလို့လဲ‌ဆိုတော့ ဒီကြောင်ကလေးက ဂရုစိုက်ဖို့ရာ ပိုပြီး၀န်များလို့လေ သူ့ကို မလေ့ကျင့်ပေးရသေးဘူး။ဆီးသွားတာနဲ့ အဲ့လိုမျိုးတွေပေါ့ မင်းက လေ့ကျင့်ပေးဖို့ မင်းကိုယ်မင်းစိတ်နှစ်ထားဖို့ လိုအပ်ပြီး စိတ်ရှည်သည်းခံမှုအများကြီးလိုတယ်"

ကြောင်တစ်ကောင်နောက်ကို လိုက်နေပြီး ပတ်ပတ်လည်ထုပ်ပိုးထားချင်နေတဲ့ ဒီလိုလူတစ်ယောက်ကို မြင်ယောင်ကြည့်ရတာ ပိုင်ရှင်အတွက် အရမ်းးခက်ခဲတယ်။ဒီလူက တကယ်ကြီး ဒေါသ‌ထွက်ပြီး ကြောင်ကလေးကို ဖျက်ဆီးလိုက်မှာလား?

ဖန်းဟယ်က သူ့ရဲ့မျက်နှာကို ကြောင်ရဲ့ခြေသည်းလက်သည်းတွေနဲ့ပွတ်သပ်လိုက်တယ်။သူက အထူးလေ့ကျင်ပေးတာကြီးကို လိုအပ်တာလား?သူက လီကျန်းကို ထက်မြက်တဲ့ကြောင်တစ်ကောင်နဲ့ တည်ငြိမ်တဲ့စိတ်ထားရှိတဲ့ကြောင်တစ်ကောင်က ဘယ်လိုမျိုးလဲဆိုတာကို ပေးမြင်လိုက်မယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Onde as histórias ganham vida. Descobre agora