Chapter 67

1.4K 253 1
                                    

Unicode

Chapter 67-ကြောင်ခန္ဓာကိုယ်နဲ့ ကျားသစ်နှလုံးသား

ဖန်းဟယ်က အသက်ပြင်းပြင်းရှူလိုက်ပြီး စတင်စားသောက်တော့တယ်။ လီကျန်းကတော့ ဘေးမှာထိုင်ပြီး သူ့ကိုကြည့်နေတာ။ ဖန်းဟယ်စားသောက်ပြီးတဲ့အထိ လီကျန်းက ပုံစံတောင်ပြောင်းမသွားပဲ အဲ့ဒီပုံစံအတိုင်းထိုင်နေတယ်။ ဖန်းဟယ် ချက်ချင်းပြည့်အင့်ပြီး ချဉ်လာသလိုခံစားလိုက်ရတယ်။ သူက ပြေးသွားပြီး စားပွဲပေါ်ကနေ လီကျန်းပေါ် လှမ်းခုန်တက်လိုက်တယ်။

"အရမ်းမျက်မှောင်ကြုတ်မထားနဲ့ တစ်ခုခုစားရင်စား မဟုတ်ရင် စမ်းသပ်ခန်းကိုသွားတော့"

"ကိုယ်ဗိုက်မဆာဘူး စမ်းသပ်ခန်းကိုသွားမှာ အတူသွားရအောင်လေ"

လီကျန်းက ဖန်းဟယ်လက်လေးကိုဖိလိုက်တယ်။

"ကျွန်တော်က အပြင်ထွက်ပြီး လမ်းသွားလျှောက်မလို့"

သူက အပြင်ကနှစ်ယောက် ဖုတ်ကောင်တွေကို သတ်ပြီးပြီလားဆိုတာကို သိချင်တာ။ ဒါဆို သူ သလင်းအမြုတေတွေ စုလို့ရပြီလေ။

လီကျန်းလက်ဆန့်လိုက်ပြီး ဖန်းဟယ်ရဲ့နောက်ကျောက အမွေးတွေကို ပွတ်သပ်ပေးလိုက်တယ်။ ဖန်းဟယ်ရဲ့ကိုယ်မှာ ဘာပြဿနာမှမရှိတာသေချာမှ သူပြောလိုက်တယ်။

"ဂရုစိုက် မင်းအန္တရာယ်နဲ့တွေ့ရင် ပြန်ဝင်လာခဲ့"

ဖန်းဟယ်က သူ့ခေါင်းကို လီကျန်းရဲ့နားရွက်နဲ့ တိုက်လိုက်တယ်။

"ခင်ဗျားသာသွားစမ်းပါ ကျွန်တော်သွားတော့မယ်"

ဖန်းဟယ်က နေရာလွတ်ကနေ ထွက်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်တော့ ဖုတ်ကောင်ညီလေးကိုရော ဖုတ်ကောင်ပူစီလေးကိုပါ မတွေ့ရဘူး။ ဖန်းဟယ်က တံခါးကနေပဲ တိုက်ရိုက်ထွက်သွားလိုက်တယ်။ထို့နောက် အပြင်ကမြင်ကွင်းကို သူတွေ့လိုက်ရတယ်။ ဖန်းဟယ် ကြောင် သွားတယ်။ ဒီဖုတ်ကောင်လှိုင်းက သူတို့အရင်က တွေ့ခဲ့တာထက် တစ်ဆင့်ပိုမြင့်ပေမယ့် ဖုတ်ကောင်ညီလေးနဲ့ ဖုတ်ကောင်ပူစီလေးက အတွင်းဧရိယာထဲကိုရှင်းဖို့ တစ်ညပဲအချိန်ယူလိုက်ရပြီး မြေပေါ်မှာ ဖုတ်ကောင်အပုံလိုက်တွေပဲ ကျန်ရှိနေတယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now