Chapter 29

1.8K 345 1
                                    

Unicode

Chapter 29-သမားရိုးကျ(ပုံမှန်)မဟုတ်တဲ့ မီးသီး

ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဖန်းဟယ်က ဘယ်ညာလှည့်ကြည့်လိုက်တယ်။ သူမြင်ရတာအကုန်က ဖုတ်ကောင်တွေရဲ့ ခေါင်းတွေကြီးပဲ။ ပြီးတော့ စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်က အဲ့ခေါင်းတွေအလယ်မှာ ညပ်နေတယ်။အဲ့တာက ဖန်းဟယ်ရဲ့ ထက်မြက်တဲ့အမြင်အာရုံကြောင့်သာမဟုတ်ရင် မြင်ရဖို့ တော်တော်ခက်လိမ့်မယ်။

ဖန်းဟယ်က ဖုတ်ကောင်တွေကိုသတ်နေတဲ့လီကျန်းကို ကြည့်လိုက်တယ် ။

"လီကျန်း မင်းအဲ့စိတ်စွမ်းအင်ဖုတ်ကောင်ကို အမိဖမ်းနိုင်လား"

လီကျန်းသာ အဲ့ကောင်ကို ဖိချနိုင်ရင် ဖုတ်ကောင်ကိုဆွဲထုတ်ရတာ ပိုလွယ်လိမ့်မယ်။

လီကျန်းက ဖန်းဟယ်ရဲ့အသံကို  ဖုတ်ကောင်တွေရဲ့အော်သံတွေကြားမှာ ကြားလိုက်ရတယ်။ ဖုတ်ကောင်အုပ်ကို ရိုက်ထုတ်ရင်းနဲ့ သူက ဖန်းဟယ်ကိုမော့ကြည့်လိုက်ပြီး သူ့ခေါင်းကိုငြိမ့်ပြလိုက်တယ်။

ဖုတ်ကောင်တွေအများကြီးပဲ။ အဲ့စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်က အသုံးမကျပဲ သူများနောက်မှာပုန်းနေဖို့ပဲသိတာ။ ရိုးရှင်းပြီး အရိုင်းဆန်ကြမ်းတမ်းတဲ့ ဖုတ်ကောင်အုပ်နဲ့ဝန်းရံထားတယ်။ အဲ့တာက အဲ့ဒီဖုတ်ကောင်ကို အရင်လူတွေလို ဖမ်းဆီးပြီး ဖုတ်ကောင်အုပ်ထဲက ဆွဲထုတ်ဖို့ရာ လီကျန်းကိုခက်ခဲ‌စေတယ်။

ဖန်းဟယ်က ဖုတ်ကောင်ကို သူ့ရဲ့ ကြောင်မျက်လုံးလေးနဲ့ စိုက်ကြည့်နေတယ်။ သူ အဲ့ဒီဖုတ်ကောင်ရဲ့ သလင်းအမြုတေကိုရမှဖြစ်မယ်။

ဖန်းဟယ်ရဲ့ကြောင်လက်လေးတွေက ရုတ်တရက် တက်ကြွလာပြီး ဖိအားပြင်းလာတယ်။ပြီးတော့ ကြော်ငြာဆိုင်းဘုတ်ပေါ်က ခုန်ချလိုက်တယ်။ ပြီးတော့ သူဖုတ်ကောင်တစ်ကောင်ရဲ့ခေါင်းပေါ်ကို တက်နင်းလိုက်တယ်။ ပြီးတော့ဆက်တိုက်ဖုတ်ကောင်တွေခေါင်းပေါ်က နင်းသွားပြီး စိတ်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်ဆီသွားလိုက်တယ်။

"ဟယ်-မြောင်"

လီကျန်းရဲ့အသံက သူနောက်ကရုတ်တရက်ထွက်လာတယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now