Chapter 43

1.7K 297 2
                                    

Unicode

Chapter 43 - အပင်စွမ်းအင်ဗီဇပြောင်းဖုတ်ကောင်

ဖန်းဟယ်က ကိုယ်တိုင်လုပ် အကာအကွယ်ဝတ်စုံကိုဝတ်ထားပြီး နေရာလွတ်ထဲက ထွက်လိုက်တယ်။ သူအရင်ကရှိခဲ့ဖူးတဲ့ အခန်းလေးထဲမှာ ဘယ်သူမှမရှိဘူး။ပြီးတော့ အရမ်းထူတဲ့ အကာအကွယ်ဝတ်စုံကနေဖြတ်ပြီးတောင် အပြင်ကလျှပ်စီးနဲ့မိုးကြိုးသံတွေကို ဖန်းဟယ်ကြားနေရတယ်။

ဖန်းဟယ်က အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးကို သူ့ရဲ့ကြောင်လက်လေးနဲ့ထိန်းဖွင့်ကာ အပြင်ကို အဝါရောင်ဘောလုံးလေးလို ပြေးထွက်သွားလိုက်တယ်။ ဒီပလက်စတစ်အကာအကွယ်ဝတ်စုံကို ဝတ်ထားရတာ သက်သောင့်သက်သာမရှိဘူး။ ပြီးတော့ သူ့စွမ်းအင်တွေကိုလည်း အဆင်ပြေပြေသုံးလို့မရဘူး။ ဒါပေမယ့် ဖန်းဟယ် အကောင်းဆုံးတော့လုပ်လိုက်ပါတယ်။

အဲ့ဒီလျှပ်စစ်ဘောလုံးတွေ သူ့ဆီကိုရွေ့လာတဲ့အခါ ဖန်းဟယ်ရဲ့ဝိဉာဏ်အထိပါ ကြောက်လန့်သွားတယ်။ ပထမတစ်ခါ လျှပ်စီးထိပြီးကတည်းက ဒါတွေကို သူ့နှလုံးသားထဲကနေပြီး ကြောက်နေခဲ့တာ။ ဒါပေမယ့် သူ့ဆီကိုစီးလာတဲ့လျှပ်စီးက သူ့ကိုမထိခိုက်ဘူးဆိုမှ ဖန်းဟယ်စိတ်သက်သာရာရသွားတယ်။ ပြီးတော့ ဒီလျှပ်ကာပစ္စည်းတွေက အရမ်းအသုံးဝင်တာပဲ...  အာ~~ သူအနာဂတ်မှာ ဒါတွေကိုပိုစုရမယ်လို့ သူ့စိတ်ထဲမှာမှတ်ထားလိုက်တယ်။

ဖန်းဟယ်က ခဏလောက်ရပ်လိုက်ပြီး သူ့ကြောင်လက်လေးကို လီယွဲ့ရှိတဲ့ဘက်ပြောင်းလိုက်တယ်။ သူက လေထဲမှာပျံနေပြီး လျှပ်စီးဘောလုံးတွေနဲ့ ဝိုင်းနေတဲ့ပေါက်စီလေးကိုကြည့်ချင်သေးတယ်။ အမှန်အတိုင်းပြောရရင် နူးညံ့တဲ့ဖင်ပြောင်လေးကို သူမြင်လိုက်ရတော့ ပေါက်စီလေးကအဲ့ဒီလောက်လဲ စွမ်းအားမကြီးပါဘူးလို့ တွေးမိလိုက်တယ်။

ပြီးတော့ စွမ်းအင်သုံးနေတဲ့ဖန်းဟယ်က မျက်တောင်တစ်ချက်ခပ်လိုက်ပြီး  ဒီပေါက်စီလေးက သူ့ဦးလေးနဲ့လည်းမတူဘူးလို့ အတွန့်တက်လိုက်မိတယ်။

လီယွဲ့ရဲ့အံ့ဩနေတဲ့ အကြည့်အောက်မှာပဲ သူက ဧည့်ခန်းကိုဖြတ်လာပြီး ခြံထဲကိုပြေးဆင်းသွားတယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now