♪🍎¹♪

972 87 26
                                    

Ethereal~

♪soft core- the neighbourhood ♪

"အမေကကော ဘာဖြစ်ချင်နေတာလဲ!! သမီးကြိုးစားနေတာပဲလေ။ ဘာလိုအမေကပါ.. " ပြောလို့မပြီးသေး ဖုန်းကိုချက်ချင်းဆိုသလို ချပစ်လိုက်တဲ့ အမေတစ်ယောက်ကြောင့် စိတ်ညစ်ရသည်။ ခုလေးတင် ဆူလိုက်သော သူဌေးကြောင့်ပါ ပို၍ စိတ်ဆင်းရဲရသည်။

အရာအားလုံးကို perfectဖြစ်ချင်တယ်ဆိုတဲ့
စိတ်ကို ခံစားဖူးလား..
တကယ်စိတ်ရင်းနဲ့ အချစ်ခံချင် ဂရုစိုက်ခံချင်တဲ့
လူတစ်ယောက်ရဲ့ စိတ်ကို နားလည်ပေးဖူးလား.. 🍃

အသက်19နှစ်အရွယ်မှ ကိုယ့်ဖြစ်ချင်တဲ့အိမ်မက် ထက် ကိုယ့်မိဘဖြစ်ချင်တဲ့ ဆန္ဒကိုဦးစားပေးခဲ့တယ်။ ကိုယ်ရဲ့ တစ်ဘဝလုံးစာကို ရင်း၊ အရာအားလုံးကိိုလည်း စွန့်ပစ်ပြီး ကြိုးစားပေးနေလည်း သူတို့၏ စိတ်ထဲတွင် အလိုမကျနိိုင်။

ဒီတိုင်း ကြိုးစားနေတယ်ဆိုတဲ့ အရာကို အသိမှတ်မပြုနိုင်ရင်တောင် အပြစ်မတင်ကြပါနဲ့လား~

အရာအားလုံးကို စိတ်နာမိတယ်~
မွေးဖွားလာမိတာကိုရော~ ဘာလုပ်လုပ် အသုံးမကျနေတာကိုရော~ အချစ်ခံ အကြင်နာခံချင်တာကိုရော~ ဒီတိုင်း ဒီလောကကြီးက ထွက်သွားချင်မိတယ်။ ရှိသမျှ အရာ၊ ပိုင်ဆိုင်တဲ့အရာ၊ အားလုံးကို စွန့်ပစ်ပြီး ပြိုင်ဆိုင်မှုမရှိ နာကျင်မှုမရှိ အတ္တ၊ လောဘ၊ တပ်မက်မှုတွေမရှိတဲ့ ကမ္ဘာကြီးဆီကိုပဲ သွားချင်မိတယ်။

ဒီလောကကြီးမှ ဆက်မနေချင်တော့ဘူး..
အရာအားလုံးကို စိတ်ပျက်တယ်!
မုန်းလည်းမုန်းတယ်! ရွံ့လည်းရွံ့တယ်!
အရမ်းမုန်းတယ်!!

ဒီစိတ်အခြေနေနဲ့ ကုမ္ပဏီရဲ့အပေါ်ဆုံးထပ် ခေါင်းမိုးထပ်ပေါ်ရောက်ရင် ကိုယ်ကိုကိုယ့်ဘာလုပ်မိလိမ့်မှန်း မသိမိလောက်အောင်ထိ အရမ်းစိတ်ရှုပ်ဖို့ကောင်းလှသည်။ လောကကြီးက အမြန်ဆုံး ထွက်သွားမိချင်တာမိုလို့ တိုက်ပေါ်က ခုန်ချမိကောင်း ခုန်ချသွားနိုင်လိမ့်မယ်။ ဒီတိုင်း အရာအားလုံးဆီက ထွက်ပြေးချင်မိတယ်~

ဓာတ်လှေကားထဲ ဝင်ဝင်ပြီးချင်း ခေါင်မိုးထပ်ကို သွားမည့် ခလုတ်ကို တွေးဝေတုံ့ဆိုင်မှု မရှိပဲ နိုပ်မိလိုက်တယ်..
ခဏကြာတဲ့အထိ ဓာတ်လှေကားထဲ ဘယ်သူမှမဝင်လာတာ ကြောင့် ထိုဓာတ်လှေကား တံခါးမှ အလိုအလျောက် ပိတ်သွားခဲ့သည်။ အဲလိုနဲ့ ကိုယ်တစ်ယောက်ထဲ ပါလာတဲ့ ထိုဓာတ်လှေကားမှာ အပေါ်ထပ်သို့ တရွေ့ရွေ တက်သွားခဲ့သည်။

ethereal~ [heeseung enhypen] ✅Where stories live. Discover now