♪🌊³♪

352 53 30
                                    

Ethereal~

♪ enchanted - Taylor swif ♪

"ဟက်..ချေး!!"
မိုးရေထဲ ဆက်တိုက် နေမိတာမိုလို့ ရေစိုစို ဖြင့် အခုတော့ အဖျား လက်စွမ်းပြနေပြီပေါ့..

"အဲတာကြောင့် ပြောတာပေါ့! အခုတော့ဖျားပြီးမလား!"
ဟီဆွန်းလည်း စိတ်ပူတာမိုလို့ ဟယ်ရင်းကို ဆူလိုက်ပေမယ့် ဟယ်ရင်းကို ပြောတဲ့သူ့စကားအသံအနေအထားမှာ နူးညံ့လှသည်။ ဟယ်ရင်းလည်း ဟီဆွန်း အမေတစ်ယောက်လို ပြုမူတဲ့ပုံစံပေါ် သဘောကျမိသည်မို့လို့ ခပ်ဖွဖွရယ်လိုက်မိသည်။

ရုတ်တရက်ဆိုသလို တဆစ်ဆစ် ခေါင်းကိုက်နာကျင်လာတာကိို ဟယ်ရင်းခံစားရသည်မိုလို့ ခေါင်းကို ကိုင်ကာ မျက်စိအတင်းမှိတ်၍ ကြိတ်ခံစားနေသည်ကို ဟီဆွန်း မြင်ဖြစ်အောင် မြင်သွားခဲ့တယ်။

"ဟယ်ရင်းး!! အဆင်ပြေရဲ့လားး"
ဟီဆွန်းလည်း ချက်ချင်းဆိုသလို ဟယ်ရင်းပခုံးကိုင်ကာ စိတ်ပူမိတာကြောင့် စိုက်ကြည့်၍ မေးလိုက်သည်။ ဟယ်ရင်းလည်း ဟီဆွန်း စိတ်ပူသည့်မိုလို့ အဆင်ပြေတဲ့အကြောင်း ပြုံးပြကာ ခေါင်း ဖွဖွလေး ငြိမ့်ပြလိုက်တယ်။

သို့သော် ဟယ်ရင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်ကိုက်ခဲ့နေပြီး နေလို့ထိုင်လို့မကောင်းပဲ လေးလေးပင်ပင်ဖြစ်နေသည်ကို ဟီဆွန်းကို ပေးမသိခဲ့။ အလကားသက်သက်စိတ်ပူမည်ဆိုးတာကြောင့် သူမဖျားနေသည်ကိုမပြောပြချေ။

အခုတလော ဟယ်ရင်း နာကျင်မူများကို ပိုပိုပြီးခံစားရသည်။ ပုံမှန်မဟုတ်တဲ့ ဒီလိုကမ္ဘာမှာလည်း နာကျင်မူကို ခံစားရတာ ထူးဆန်းလှတယ်။ အရင်ကဆို ဘာမှမခံစားရပေမယ့် အခုနောက်ပိုင်းမှ နာကျင်တာကို နည်းနည်းလေးကအစ ခနခန ဆိုသလို နာကျင်နေရသည်။

ဟယ်ရင်းလည်း သူ့ခန္ဓာကိုယ်က အဆင်မပြေနေတာသိတာကြောင့် ဟီဆွန်းရဲ့ ပခုံးပေါ်တွင် အသာလေးမှီတင်ကာ အားမွေးလိုက်ရင်း အသက်ကို ပြင်းပြင်းရှုထုတ်လိုက်တဲ့အချိန် မှီခံထားရတဲ့ တစ်ယောက်သောသူရဲ့ အပြုံးကို ဟယ်ရင်း သတိမထားမိချေ~

ညကောင်းကင်တွင် ကြယ်များပြည့်နှက်ကာ သာယာလွန်လှသည်။ တလက်လက်တောက်ပနေသော စိန်ယောင်အသွင် ကြယ်အလင်းရောင်များလည်း ရေကန်မျက်နှာပြင်ပေါ်မှာ အလင်းပြန်နေသယောင်... ညအိပ်ချင်ဖြစ်သောလည်း နေရာတစ်ဝိုက်လုံး ကြယ်အလင်းရောင်ကြောင့် မှောင်မည်း မနေဘဲ မြင်ရသလောက်တော့ ရှိလေတယ်။

ethereal~ [heeseung enhypen] ✅Where stories live. Discover now