♪🍃²♪

523 59 7
                                    

Ethereal~

♪meet me at our spot by the anxiety♪

တောင်ပု အစွန်းအဖျားလေးဝယ် ရေပြာအိုင်လေးကို မျက်နှာမူကာ မြက်ခင်းနုနုလေးပေါ်တွင် ထိုင်နေကြတဲ့
နှစ်ယောက်~

"အဲ့တော့ ရှင်ကကျွန်ုမရဲ့ အစောင့်အရှောက် နတ်သားပေါ့?" အကြောင်းစုံသိ၍ တအံတသြဖြင့် မေးလိုက်တဲ့ ဟယ်ရင်းကြောင့် သဘောကျစွာ တခစ်ခစ် ရယ်နေတဲ့ ကိုယ်ရဲ့ကိုယ်စောင့်နတ် ဟီဆွန်း..

"အွန်းး..." တောက်ပစွာ လှလှပပပြုံးရယ်နေတုန်း ရုတ်တရက်ဆိုသလို ဆံပင်ကို ခပ်ခပ်ဖွလေး ဖွကာ ခေါင်းကို ပုတ်ပေးနေတဲ့ ဟီဆွန်းကြောင့် တစ်ယောက်သောလူမှာ အသက်ရှုတောင် မမှန်နိုင်တော့ပေ~

ရှက်နေမိတဲ့ ဟယ်ရင်းလည်း ပွရှုပ်သွားတဲ့ ဆံပင်လေးကို ကိုင်ကာ စိတ်ဆိုးရမည့်အစား ရှက်ပြုံးပြုံးနေသည်ကို ရေအိုင်ဘက် တဖန်ပြန်လှည့်သွားတဲ့ ဟီဆွန်း မမြင်လိုက်ချေ~

မြင်လိုက်လျှင်လည်း ဟယ်ရင်းကိုယ်တိုင် ရှက်သွားမည်ဆိုသောကြောင့် ခေါင်းငုတ်ကာ ပြုံးနေမိတယ်~ တစ်ဘက်သို့ လှည့်သွားတဲ့ ဟီဆွန်း မျက်နှာပေါ်က အပြုံးလေးကို မည်သူမှ သတိထားမိမည် မထင်~

အခုမှ တွေ့ဖူးတဲ့ လူတစ်ယောက်ကို ရင်ခုန်နေမိသည့် ခံစားချက်မှာ ထူးဆန်းလှ၏~ အော်.. မှားလို့ လူမှမဟုတ်တာ>< အခုဖြစ်နေတဲ့ခံစားချက်ကို ဟယ်ရင်းနားမလည်နိုင်ပေ..
တလှပ်လှပ် ခုန်ပေါက်နေတဲ့ နှလုံးသားထဲရှိ လာရာ တေးသံလေးတစ်စုံ♪... ထိုတေးသွားလေးက သူနဲ့စတွေ့မှ ဖြစ်ပေါ်လာတဲ့ သံစဥ်လိုပဲ.. အကြောင်းအရင်းမရှိ ထိုလူကြီးကြောင့် ထိုရင်ခုန်သံတေးသွားလေးမှာ အဆက်မပြတ် တီးခတ်နေခဲ့...

ထိုအရာက အချစ်လိုခေါ်တဲ့ခံစားချက်များလား?..
မဖြစ်နိုင်ပေါင်း ထိုလူကြီးကို ခနတာအခိုက်အတန့်အတွင်း ချစ်မိသွားသည်မှာ အဓိပ္ပါယ်မရှိ... ဘာလို့များ ဒီလိုရင်ခုန်နေမိတာပါလိမ့်... သူရုပ်ရည်ကြောင့်များလား.. ဒါမှမဟုတ် သူဆက်ဆံပေးတဲ့အပြုအမူ ကြောင့်များလား.. မဟုတ်ရင် သူဆိုတဲ့ ဖြစ်တည်မှုကြောင့်ပဲလား~~

ဒီလို မရိုးမရွ ခံစားချက်ကို ဟယ်ရင်း ဘဝတစ်လျှောက် တစ်ခါလေးမှ မခံစားဖူးပေ~ ဒါပေမယ့် ဘာလို့ သူကအဲလို ခံစားချက်ကို မြင်မြင်ချင်း ပေးနိုင်တာပါလိမ့်... မှန်ရာဝန်ခံရမည်ဆိုရင် ရှင်ကို မြင်မြင်ချင်း ရန်ခုန်နေမိတယ်~

ethereal~ [heeseung enhypen] ✅Where stories live. Discover now