♪🌧⁴♪

422 50 38
                                    

ETHEREAL~

♪ don't blame me - Taylor Swift sped up ♪

နောင် 7 နှစ်ကြာသော..

မှောင်မိုက်နေတဲ့ ထိုကောင်းကင်ကြီးနဲ့အတူ တဖြေးဖြေး များလာတဲ့ ရေကန်ကို ကြည့်ရင်း ငိုင်ကျနေတဲ့ ဟီးဆွန်းတစ်ယောက်.. ကိုယ့်ချစ်ရတဲ့သူ နာကျင်နေတာကို ဘာမှကူပေးလို့မရတဲ့ ဒုက္ခက တော်တော်ဆိုးရွာလွန်းလှတယ်။ နောက်ပြီး သူမ နာကျင်နေရတဲ့အကြောင်းအရင်းကလည်း တစ်ခြားမဟုတ်ပဲ ဟီးဆွန်းကြောင့်သာဆိုတော့ ကိုယ်ကိုကိုယ်အပြစ်တင်နေမိ..

သူမ့နာကျင်မူအားလုံးကို ကျွန်တော်ကို ပေးသနားတော့မူပါ~ သူမနာကျင်ရတာကို မြင်ရတာက အရှင်လတ်လတ် ငရဲကျနေသလိုပဲ~ အဲ့အစား ကျွန်တော်တစ်ယောက်ပဲ အပြစ်ခံယူပါရစေ~ သူမ ငိုမှာကို အရမ်းမုန်းတယ်.. အဲတာကို ထိုင်ကြည့်ရမယ့်အစား ကျွန်တော်မျိုးကိုသာ ဓားနှင့်ထိုးသတ်သွားတော်မူပါ အရှင်ဘုရား...

ရူးချင်မိလောက်တဲ့အထိ သူမရဲ့မျက်ရည်တစ်စက်ချင်းဆီက ကျွန်တော့်ရင်ကို အကြိမ်ကြိမ်အခါခါ ထိုးသတ်နေခဲ့.. ကံကြမ္မာရယ် ဘာအပြစ်များ ကျူးလွန်ခဲ့လို့ အဲလောက်ထိ ကျွန်တော်နှစ်ယောက်ပေါ် အဲလောက်ထိ ရက်စက်ရတာလဲ.. ချစ်မိတိုင်း အပြစ်သာဆို သက်ရှိသတ္တဝါတိုင်းအားလုံး ခံယူရမှာပဲလေ။ ဘာလို ကျွန်တော်တို့နှစ်ယောက်ပဲလဲ.. ဘာအပြစ်များကျူးလွန်ထားလို့ အဲလောက်ထိ ရက်စက်ရတာလဲလို့!

သစ်ပင်အောက် ထိုင်နေတဲ့ ဟီဆွန်းလည်း သူရဲ့ ဒူးခေါင်းကို ဖက်ရင်း အော်ငိုလိုက်မိတယ်.. ဘာကြောင့်များ ဆိုးဆိုးဝါးဝါး ခံစားနေရတာလဲ။ ချစ်မိတဲ့အပြစ်က ကိုယ်ကိုကိုယ် အရှင်လတ်လတ် လောင်မြိုက်နေသလိုပဲ.. ဘဝဆက်တိုင်းကံကြမ္မာဆိုးက ဝါးမျိုနေသလို ချစ်သလောက် နာကျင်ရတယ်..

ဟီဆွန်း ခံစားရလွန်းတာကြောင့် ကျနေတဲ့ ထိုမျက်ရည်များကို ခေါင်းငုတ်ကာ ခံစားချက်အားလုံးကို ကြိတ်မျိုချလိုက်လေတယ်။ သူ့တို့သခင် အသက်ရှင်နေရထက် ကိုယ်ကိုကိုယ်သတ်သေချင်လောက်တဲ့ထိ အသေအလဲ ခံစားနေတာကို မကြည့်ရက်တဲ့ ငှက်နှစ်ကောင်။

သူတို့လည်း ဟီးဆွန်းကိုတစ်လှည့် မှောင်မိုက်နေတဲ့ ကောင်းကင်နဲ့ တဖြည်းဖြည်း များလာတဲ့ ရေကန်ကို
တစ်လှည့်ကြည့်ကာ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်း
ချလိုက်လေတယ်...

ethereal~ [heeseung enhypen] ✅Where stories live. Discover now