1.4 (U)

1.4K 257 17
                                    


ကားထဲတွင် ချန်လီကောက လျိုရှားရှားကို
မေးလိုက်သည်။
"အစ်မရှားရှား ငါရော အချစ်စစ်ကို ရှာတွေ့နိုင်ပါ့မလား??"

"မင်းသေချာပေါက်တွေ့မှာပါ။ မင်းကအရမ်းလှတာပဲကို"

"ငါ့ရဲ့အလှ၊ငါ့ရဲ့ပိုက်ဆံကြောင့် ရလာတဲ့
အချစ်စစ်ကို ငါပြောချင်တာ မဟုတ်ဘူး"

"မင်းဒီနေ့ည ဘာစားချင်လဲ???ငါတို့ အသားကင်
ဝယ်စားကြမလား??"

ချန်လီကော's pov: အမကြီး စကားလမ်းကြောင်း လွှဲတာ ဘာလို့ဒီလောက်တောင်
မြန်ရတာလဲ???

သူမက အပြောနဲ့အလုပ် ထပ်တူကျစွာဖြင့်
အသားကင်ဆိုင် ရပ်လိုက်သည့် အခါမှာတော့
ချန်လီကော နှစ်ဆ ဆွံ့အသွားရသည်။

လျိုရှားရှား: "လိမ္မာလိုက်တဲ့ ကလေးလေး!မငိုနဲ့တော့နော်။ မင်းကို ဒီည အသားကင် စားခွင့်ပေးမယ် ဟုတ်ပြီလား!!!"
အနုပညာရှင်တွေရဲ့ အစားအသောက်ပိုင်းဆိုင်ရာက အလွန်ကို ထိန်းချုပ်ထားရပြီး တစ်နှစ်လုံးကိုမှ ၇ကြိမ်မျှသာ အဝစားခွင့်ရှိကြသည်။

ချန်လီကော: "ငါ ဝက်အူချောင်းကင်ရော ထပ်စားလို့ရလား???"

"တစ်ချောင်းပဲရမယ်၊ အလွန်ဆုံး တစ်ချောင်းပဲ"

သူ့ကိုယ်သူ အားအင်တွေ ပြန်ပြည့်လာသလို
ချန်လီကော ခံစားလိုက်ရသည်။

အသားကင်ဆိုင်ထဲသို့ ဝင်ဝင်ခြင်းမှာပင်
ချန်လီကောက သူ့ရဲ့ မျက်နှာအမူအရာကို
တည်တံ့သည့် ပုံစံပြင်လိုက်သည်။

ဘယ်သူပဲ သူ့ကိုမြင်မြင် မိန်းမဆန်သည့်
စရုိက်နှင့် သူက မသက်ဆိုင်သလို ဖြစ်နေသည်။

လျိုရှားရှားက ရှေ့ကသွားပြီး သူကနောက်က
လိုက်ဝင်ခဲ့သည်။ ရုတ်တရက် သူ့ခြေထောက်နားမှာ တင်းတင်းကြပ်ကြပ်ဖြစ်သွားသလို
ခံစားရတာကြောင့် ငုံ့ကြည့်မိတော့ လေးနှစ်၊ငါးနှစ်မျှသာ ရှိသေးမည့် ကလေးမလေးက သူ့ကို
တင်းကြပ်စွာ ဖက်ထားခဲ့သည်။

ချန်လီကော: "........"

"တောင်းပန်ပါတယ်ခဗျ" လူတစ်ယောက်က
ကပျာကယာ လာရောက် တောင်းပန်လာပြီး
"ရှောင်ဖင်း!ကိုကိုကို လွှတ်ပေးလိုက်နော်!"

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now