4.4(U)

709 128 5
                                    



ချန်လီကောက "ဇာတ်ညွှန်းက အရမ်းငိုရတာပဲနော်"

လျိုုရှားရှားလည်း အတူ လိုက်ဖတ်ရင်း ခေါင်းညိမ့်လာခဲ့သည်။ "အင်း..ဒါပေမဲ့ ဇာတ်အိမ်တည်ထားတာက ကောင်းတယ်"

ချန်လီကော "ဇာတ်ကားက မကြာခင် ရိုက်ကူးတော့မှာလား?"

"အင်း"

ချန်လီကော "ဒါနဲ့ နောက်ထပ် အမျိုးသားသရုပ်ဆောင် တစ်ယောက်က ဘယ်သူလဲ?"

လျိုရှားရှားက တွန့်ဆုတ်နေခဲ့သည်။

ချန်လီကောက နောက်ပြောင်လိုက်သည်။ "ရှဲ့အန်းဟဲက ဒီကလူကို အရမ်းသဘောကျနေတာဆိုတော့ သူဒီလူနဲ့ တွဲသရုပ်ဆောင်မှာတော့ မဟုတ်ဘူးမလား?"

လျိုရှားရှား "......နင် သိတာလား?"

ချန်လီကော၏ မျက်နှာပေါ်် က အပြုံးများ ပျောက်ရှသွားသည်။ တကယ်ကြီးလား???

လျိုရှားရှားက သူ့ပုခုံးကို ပုတ်ကာ "သတ္တိရှိစမ်းပါ ချင်ချင်ရယ် မဟုတ်ရင် နင့်ဂန္ဓမာပေါက် စားခံရလိမ့်မယ်"

ချန်လီကော ".........."

လျိုရှားရှားက "ကျားယို အာ ကောင်ကလေး"

ချန်လီကော "......."

ရှဲ့အန်းဟဲက ညနေပိုင်းတွင် ချန်လီကောအား ထမင်းစားဖိတ်ခဲ့ပြန်သည်။ သူ့ကားက ‌အောက်ထပ်မှာ ရပ်နေခဲ့ချိန်၌ ချန်လီကောက လျိုရှားရှား၏ တရားခံစစ်သည့်အကြည့်နှင့် ရင်ဆိုင်ခဲ့ရသည်။

လျိုရှားရှားက "သူက နင့်ကို ညစာစားရုံပဲ ဖိတ်တာလား?"

ချန်လီကောက သူ့အင်္ကျီကို ဆွဲကာ ရှက်သလို ကိုယ်ကို ဘယ်ညာ လှုပ်ရမ်းလိုက်ကာ "ဟွန့်မုန်းစရာကြီး ညစာစားဖို့ပေါ့။ တခြားဘယ်ကို ရမှာလဲ"

လျိုရှားရှားက "နင်တို့ ဘယ်အဆင့်ထိ ရောက်နေကြပြီလဲ?"

ချန်လီကော "သူက ဒီကလူကို ညစာပဲဖိတ်တာပါလို့ ရှားရှားရယ် ယူကနော်"

လျိုရှားရှားက မယုံသလို ဆက်မေးလိုက်သည်။ "နင်ရော သူ့ကို ဘယ်လိုထင်လဲ? နင့်အထင်မှာ သူကချောလား?"

ချန်လီကော ပြောချင်သည်က "အင်း အရမ်းချောတာပဲ" ဆိုသော်လည်း လက်တွေ့တွင်တော့ အရာအားလုံးကို မြိုချကာ "ငါက အစားထိုးသာသာပါပဲ။" သူက ထိုစကားကို ညှိုးငယ်စွာ ပြောလာသည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now