5.4(U)

504 103 4
                                    

လူတိုင်းထွက်သွားပြီးနောက် ကုတင်ပေါ် တွင် ချန်လီကောနှင့် ရှဲ့အန်းဟဲနှစ်ယောက်တည်း စောင်တစ်ထည်ခြုံလျက် ကျန်နေခဲ့သည်။

ရှဲ့အန်းဟဲက တိုးတိုးလေး မေးလိုက်သည်။ "မင်းရဲ့အရာ ‌အဆင်ပြေသွားပြီလား?"

ချန်လီကော ".......မ..မပြေသေးဘူး"

ရှဲ့အန်းဟဲက သက်ပြင်းချကာ သူ့အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ် ထုတ်ပေးလာကာ "သောက်ချင်လား?"

ချန်လီကောဝင်နေသော ကိုယ်သည် ဆေးလိပ်မသောက်တတ်သော််််လည်း လက်ခံလိုက်ပြီး မီးညှိလိုက်သည်။

ဆေးလိပ်မီးခိုးအောက်တွင် လူနှစ်ယောက်၏ ကံကြမ္မာက အချိန်ခဏလေးအတွင််း အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ရှဲ့အန်းဟဲက ရုတ်တရက် ပြောလာသည်။ "ကိုယ်ထင်တောင်မထားဘူး..မင်းရဲ့အရာ မာလာလိမ့်မယ်လို့"

ချန်လီကော "...တောင်းပန်ပါတယ်"

ရှဲ့အန်းဟဲက "တောင်းပန်ရမဲ့သူက ကိုယ်ပါ"

ချန်လီကောက သူတို့၏ စကားဝိုင်းက အတော််လေးထူးဆန်းသည်ဟု ထင်လာသည်။ ၎င်းအခြင်းအရာက လူနှစ်ယောက် အရက်မူးပြီး တစ်ညတာအတူတူ ဖြတ်သန်းမိပြီးနောက် မနက်ခင်း အိပ်ရာနိုးချိန်၌ ကိုယ်နဲ့အိပ်မိသည့်သူက ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်နေသလိုမျိုး ကို့ရို့ကားယားနိုင်လှသည်။

ရှဲ့အန်းဟဲက တဖြည်းဖြည်း တည်ငြိမ်လာပြီး ပြောလာသည်။ "ကိုယ်မနက်ဖြန် ကိုယ့်သူငယ်ချင်းကို ပြောပြီး လက်သည်းဆိုးနီအများကြီး ဝယ်ခဲ့ခိုင်းလိုက်မယ်"

ချန်လီကော ".....ခင်ဗျားလည်း ဆိုးတာလား?"

ရှဲ့အန်းဟဲ "........." သူက နှစ်စက္ကန့်လောက် ငြိမ်သက်ပြီး ဘယ်လိုစကားဆက်ရမယ်မသိတော့ပေ။ နောက်ဆုံးတွင် "အဲဒါ မင်းအတွက်လေ"

ချန်လီကောက အဝေးကို ငေးကြည့်လျက် "ကျေးဇူးတင်ပါတယ်"

ရှဲ့အန်းဟဲက ‌"ရပါတယ်"

နှစ်ယောက်စလုံး ၁၅မိနစ်အကြာတွင် အဆင်ပြေသွားကြသည်။

လျိုရှားရှားက အပြင်မှာ သူတို့ကို စောင့်နေခဲ့သည်။ သူတွေးထားသည်က ချန်လီကောက ရှဲ့အန်းဟဲထက် ပိုအားနည်းတာကြောင့် ပင်ပင်ပန်းပန်းပုံစံနှင့် ထွက်လာမည့်သူက ချန်လီကောဟု ထင်ထားသောလည်း ရှဲ့အန်းဟဲက တစ်လောကလုံး၏ ဒုက္ခများကို သယ်ပိုးထားရသလို မျက်နှာဖြင့် ထွက်လာခဲ့သည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now