2.1(အိပ်မက်နဲ့လက်တွေ့)

1.4K 202 8
                                    

"လှပပြီး မြူဆွယ်တတ်တဲ့ပေါချောင်ကောင်း အလှလေး ချန်လီကော(၂)"

ချန်လီကောကူးပြောင်းလာသည့် အချိန်တွင်
စွန်းချင်ချင်က ဇာတ်ကားတစ်ကားအား ရိုက်ကူးပြီးသွားပြီဖြစ်သည်။ ပရုိမိုးရှင်းပွဲလည်း လုပ်ပြီးသွားသောကြောင့် သူလုပ်နိုင်တာက ဇာတ်ကားအားရုံတင်မည့်အချိန်ကိုစောင့်ရန်သာဖြစ်သည်။

ထို့အပြင် ရုပ်စုံ ရှုိးပွဲများရိုက်ရသည်လည်း နည်းပါးလာသောကြောင့် ဒီရက်ပိုင်းအတွင်း
ချန်လီကောတစ်ယောက် လေလွင့်နေခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင်တိုင်းလိုလိုတွင် အသက်ရှူရန်နားချိန်ရှိသည်နှင့်အတူတူပင်ဖြစ်သည်။

နှစ်ရက်အတွင်း ချန်လီကောအားနှောင့်ယှက်သူ
တစ်ယောက်မှမရှိပေ။ ၃ရက်မြောက်နေ့တွင်
ေရှာင်ကျိုက သူ့အားရုပ်ရှင်ကြည့်ရန် ခေါ်လေသည်။

"သွားရအောင်နော်!သွားရအောင်ပါဆို!" ရှောင်ကျိုက ပြောလာသည်။ "ငါလက်မှတ်တွေ ဘိုကင်လုပ်ပြီးသွားပြီ။ညာဘက်ရော ဘယ်ဘက်ရော ရှေ့ဘက်ရောနောက်ဘက်ရော ဘယ်သူမှမထိုင်ကြလို့ နင့်ကိုသိတဲ့လူတစ်ယောက်မှရှိကြမှာ မဟုတ်ဘူးလို့"

ချန်လီကောက ခက်ခက်ခဲခဲ ပြောလာပြန်သည်။ "ဒါပေမဲ့ အပြင်ကအရမ်းပူတယ်လေ!ငါ့မိတ်ကပ်တွေ ပျက်စီးကုန်မှာပေါ့လို့!"

ရှောင်ကျိုက "ပျက်စီးတော့လည်းကောင်းတာပေါ့!လူတွေနင့်ကိုမမှတ်မိတော့ဘူးပေါ့"

ရှောင်ကျို၏ အင်တိုက်အားတိုက်ဆွဲဆောင်မှုကြောင့် ချန်လီကောက ချက်ချင်းပဲ အဝတ်ထဝတ်ပြီး Maskတပ်ကာ ရုပ်ရှင်သို့ ရှောင်ကျိုနဲ့လိုက်လာခဲ့လိုက်သည်။

ရုပ်ရှင်အသစ်တွင် ချန်လီကောက ရက်စက်စွာလူသတ်ရသည်ကို ကြိုက်နှစ်သက်သည့်ဝါသနာအိုးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဇဝနဉာဏ်လျင်မြန်သော သတ္တိကောင်းသည့်
အဓိကဇာတ်ဆောင်နှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး အဆုံးသတ်တွင် ချန်လီကောအား အဓိကဇာတ်ဆောင်က ဖမ်းမိသွားသော်လည်း သူကအဓိကဇာတ်ဆောင်ကို သတ်ပစ်နိုင်ခဲ့သည်။

ချန်လီကော: "........" (ဒီကမ္ဘာမှာ ရုပ်ရှင်အကြောင်းသိအောင်လုပ်ပေးတဲ့ ပြည်နယ်ဆိုင်ရာအသံလွှင့်စက်တွေဘာတွေလည်းမရှိဘူးပဲ။ဒါကြောင့်ပဲ ရုပ်ရှင်ရုံမှာပဲ သွားကြည့်ရတာကိုး)

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now