(၂၆)Z/U
622 50 5
Zawgyi
_______
ရှောင်းဟုန်ကသူ့သား ရှောင်းကျန့်ထွက်သွားပြီးတစ်လကြာတော့အရှင့်ဆီ ရွာပြန်ဖို့ခွင့်ပြုချက်တောင်းပြီးရွာကိုပြန်ခဲ့သည်။ဒါကိုအရှင်ကအစောင့်တွေကိုလိုက်ပို့ခိုင်းမည်ဆိုသောကြောင့်ရှောင်းဟုန်တစ်ယောက်တည်းအဆင်ပြေကြောင်းပြောပြီးမနည်းတားယူလိုက်ရသည်။ ထိုအစား တစ်ပတ်အတွင်းနန်းတော်ထဲပြန်ဝင်ရမည်ဆိုသောကတိစကားကိုလက်ခံလိုက်ရသည်။ရှောင်းနိုင်ငံကတအားလဲဝေး
မှာမဟုတ်တာဖြစ်နိုင်သည်။ငယ်ရွယ်တဲ့ရှောင်းကျန့်တောင်ရောက်အောင်လာနိုင်သည့်နေရာမို့ တအားတော့မဝေးလောက်ဟုထင်မိခဲ့သည်
ထိုအတွေးဟာ သူ့ဖခင်ရဲ့စကားကိုကြားသည့်အချိန်မှာ အတွေးမှားသွားပြီဖြစ်ကြောင်းသိလိုက်ရတယ် ဘာလို့ဆို ရှောင်းနိုင်ငံကိုရောက်ဖို့ ၁ပတ်လောက်ခရီးနှင်ရနိုင်သည်တဲ့
ရှောင်းဟုန်လဲအနည်းငယ်တွေဝေသွားပြီးသားတော်လေးဆီသွားဖို့သာဆုံးဖြတ်လိုက်သည်။
ရှောင်းဟုန်လဲကြားခဲ့သမျှကိုဖခင်ဖြစ်သူကိုပြောပြလိုက်တော့ ဖခင်ဖြစ်သူဟာ မျက်နှာ မကောင်းပဲ ရှောင်းဟုန်ကိုတောင်းပန်စကားသာဆိုနေတော့သည်။သူသာမလိမ်ညာထားဘူးဆိုရင် သူ့မြေးကအခုချိန်သူတို့နဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေလောက်ပြီ
ခမည်းတော်ကလဲခေါင်းမာတဲ့လူမို့ သူ့တို့မြေးလေးကိုခေါ်မည့်ကိစ္စကအဲ့လောက်မလွယ်မှန်းရိပ်မိနေသည်။
တစ်ပတ်လောက်မြင်းတွေနဲ့ ခရီးနှင်ပြီးတော့တောင်ကုန်းမြင့်တစ်ခုကနေမြင်နေရသည့်လင်းထိန်နေသည့် နန်းတော်ကြီးကြီးကို ဖခင်ဖြစ်သူဟာလက်ညှိုးထိုးပြကာ
"ဒါ ရှောင်းနိုင်ငံတော်ပဲ"
စိတ်မကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့အသံကြောင့်ရှောင်းဟုန်အားပေးစကားဆိုလိုက်သည်။
"အပြစ်တင်စိတ်တွေဝင်မနေပါနဲ့ဖေဖေကအနည်းဆုံးတော့ရှောင်းဟုန်တို့အပေါ်တာဝန်ကျေခဲ့တာပဲ"
"အင်း"
ရှောင်းဟုန်တို့နန်းတော်ပေါက်ဝကိုရောက်တော့စောင့်နေသည့်ရဲ့မက်တွေက တားလိုက်ကြသည်။