(၂၇) Z/U
612 50 2
Zawgyi
________
ရှောင်းဟုန်တို့နှစ်ယောက်လုံး ရှောင်းဘုရင်ကြီးကိုဖျောင်းဖျကာပြောဆိုနေပေမဲ့လုံးဝမရပေ။ မနက်ထဲက ပြောဆိုနေကြသည့်အကြောင်းအရာကနေ၀င်ချိန်ရောက်တော့မည့်တိုင်အောင် ဆွေးနွေးနေတာမပြီးသေးပေ။
"အဘိုး သားလေးကို ကျွန်တော့်ဆီပြန်ပေးလိုက်ပါ "
"ငါကိုယ်တော်ထပ်ပြောမယ် ရှောင်းဟုန်မြေးလေးက ဒီမှာနေချင်ရင်နေလို့ရတယ် ဒါပေမဲ့ရှောင်းကျန့်ကိုတော့ဒီမှာပဲသေချာပေါက်ထားရလိမ့်မယ် သူ့မှာလုပ်စရာတွေရှိနေသေးတယ်"
ရှောင်းဖိန်ဟာသူ့ခမည်းတော်ကသူ့ကို ဒီမှာမနေဖို့သွယ်ဝှိုက်ပြောနေတာသိလိုက်ရတယ်။ဘာမှမဟုတ်ဘူးအလကားကလေးဆန်နေတာ... ရှောင်းဖိန်
စိတ်မှာသာပြောနေပေမဲ့အပြင်မှာဘာမှတော့မပြောရဲပါ..
"လုပ်စရာဘာများလဲအဘိုး သူ့ခမည်းတော်ကိုပုန်ကန်ဖို့ဆိုတဲ့လုပ်စရာကိစ္စလား"
ရှောင်းဘုရင်ကြီးက သူ့ကိုအသံကျယ်ကျယ်နဲ့အော်ပြောလိုက်တဲ့သူ့မြေးတော်ကိုမျက်မှောင်ကြုံကာကြည့်လိုက်သည်။
"ရှောင်းဟုန်မြေးလေး မင်းမေ့နေပြီလား သူမင်းကိုတိုင်းပြည်ကနှင်ထုတ်ပြီးအသေသတ်ခိုင်းခဲ့တာလေ "
ရှောင်းဟုန်ဟာသူ့အဘိုးပြောစကားကြောင့်တွေဝေသွားသည် ။ရှောင်းဟုန်တစ်ခါမှအရှင့်ကိုဒုက္ခပေးဖို့မတွေးခဲ့ပါ သူကသားလေးကိုအန္တာရယ်ကင်းဖို့ပဲ လိုချင်ခဲ့တာပင်။
"ဒါပေမဲ့သူကရှောင်းဟုန်ရဲ့ခင်ပွန်းဖြစ်နေသေးသလို ရှောင်းကျန့်ရဲ့ဖခင်ပဲလေ ကျေးဇူးပြုပြီး ကလေးကိုသူ့ခမည်းတော်နဲ့ရင်မဆိုင်ခိုင်းပါနဲ့ "
"အဘိုးမြေးလေးကိုချစ်ပါတယ် ဒါပေမဲ့အဘိုးက အဘိုးစကားနားထောင်တဲ့လူကိုပိုချစ်တယ်ဒီတော့ရှောင်းဟုန်ကဒီမှာရှောင်းကျန့်နဲ့အတူနေလို့ရတယ် အင်း မနေချင်လဲအဆင်ပြေပါတယ်ဒီမှာစကားနားထောင်တဲ့ရှောင်းကျန့်ရှိနေပြီလေ "
ရှောင်းဟုန်ကခေါင်းသိပ်မာနေသည့်သူ့အဘိုးဖြစ်သူကိုကြည့်ကာသက်ပြင်းချလိုက်သည်။ထို့နောက်အဘိုးဖြစ်သူနဲ့မျက်လုံးဆုံကာစူးစိုက်ကြည့်ပြီး