*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ

7.1K 1.3K 34
                                    

ရုန်ယိ လှည့်ကြည့်လိုက်တဲ့အခါ ပထမအကြီးအကဲ ၊ ဆဌမအကြီးအကဲ ၊ ချီလန်နဲ့ ရှင်းယွဲ့တို့အကုန်လုံးက နောက်မှာရပ်ကာ သူ့ကို စိုက်ကြည့်နေတာတွေ့လိုက်ရသည်။

ရှင်းယွဲ့က သုန်မှုန်စွာနဲ့
"ရုန်ယိ.. နင်တော့အသေဘဲ"

ချီလန်ကလည်း ဒေါသအပြည့်နဲ့ သူ့ကို အေးစက်စွာစိုက်ကြည့်ပြီး
"ဒီတစ်ခေါက်တော့ မင်း ငါ့လက်ထဲ ရောက်ရမယ့်အလှည့်ဘဲ"

"......."
ဖျန့်ရှီ ထိုသူတွေအကုန်လုံးကို ကြည့်ကြည့်လိုက်တဲ့အခါ သုံးယောက်က မဟာယာနအဆင့်ကဖြစ်ပုံရကာ သူ့ထက် ကျင့်ကြံဆင့်မြင့်ကြလေသည်။ ဒီ ရုန်ယိက တစ်ခုခုတော့တစ်ခုခုဘဲ.. သူ့လို ချီသန့်စင်အဆင့်ကသူတစ်ယောက်က ဒီလောက်ကျင့်ကြံဆင့်မြင့်တဲ့လူသုံးယောက်ကို ရန်စထားခဲ့မိရတယ်လို့... သူအခုချိန်ထိ ဘယ်လိုများ အသက်ရှင်လာလဲဆိုတာ သူအတော်လေး သိချင်မိသွားသည်။

ရုန်ယိက သူတို့ကို အပြုံးလေးတစ်ပွင့်နဲ့ နှုတ်ဆက်လိုက်သည်။
"အကြီးအကဲနှစ်ယောက် ဆရာတူအစ်ကို.. တိုက်ဆိုင်လိုက်တာနော်.. ဒီတစ်ခေါက်တော့ ကျွန်တော်တို့ မြေပြင်တစ်ခုတည်းကို ရောက်သွားတယ်.. အော် ဟုတ်သား.. အကြီးအကဲနှစ်ယောက်.. ခင်ဗျားတို့ ဒီကိုရောက်လာတာ ကျင်းရဲ့ဆီက ဖြေဆေးတောင်းဖို့အတွက်မလား"

ပထမအကြီးအကဲ "......"

ဆဌမအကြီးအကဲ "......"

"ဖြေဆေး.. ဘာဖြေဆေးလဲ"
ဒီအတောအတွင်း ချီလန်က လျှို့ဝှက်ဘုံအစီအရင်ထဲမှာ ပိတ်ထားခံရပြီး ထိုနေရာကနေ ထွက်လာပြီးနောက် ပထမဆုံးလုပ်တာကလည်း ရုန်ယိကိုရှာဖို့ ဒီကိုလိုက်လာခဲ့တာဖြစ်တာကြောင့် တစ်ခြားကိစ္စတွေအတွက် သူ့မှာ တစ်ကယ့်ကို အချိန်မရှိခဲ့ပေ။

ရုန်ယိက သူ့ကိုရှင်းပြလိုက်သည်။
"စတုတ္ထအကြီးအကဲနဲ့ သတ္တမအကြီးအကဲတို့က အဆိပ်မိထားပြီးတော့ မကြာခင် အသက်ဆုံးရှုံးကြရတော့မှာလေ.. အဆိပ်ဖြေဆေးက ကျင်းရဲ့ဆီမှာဘဲရှိတာ ဒါပေမဲ့ ဒီအတောအတွင်း ကျင်းရဲ့နဲ့ အကြီးအကဲတွေကြားမှာ နားလည်မှုလွဲတာလေးတွေရှိခဲ့တော့ ကျင်းရဲ့က သူတို့ကို အခုထိ အဆိပ်ဖြေဆေး မပေးရသေးဘူးလေ.. အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်ကို ဒီနေရာကနေ ခေါ်ထုတ်ပေးသွားနိုင်ရင် အကြီးအကဲနှစ်ယောက်ကို ကယ်ဖို့ ကျင်းရဲ့ကို ကျွန်တော် ဖျောင်းဖျပေးနိုင်တယ်နော်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now