မျက်နှာသစ်ဆေးအမြှုပ်များကိုရေဖြင့်ပြောင်စင်အောင်ဆေးကြောသုတ်သင်ပြီးနောက်လည်ပင်းတွင်ပတ်ထားသည့် မျက်နှာသုတ်ပုဝါအညိုရောင်
လေးဖြင့် မျက်နှာအနှံ့ခပ်ဖွဖွသုတ်လိုက်သည်။
အနည်းငယ်ထူသောမျက်ခုံးတန်းတို့တွင်ခိုကပ်တွယ်ငြိနေဆဲရေစက်ကလေးများကို
ပုဝါဖြင့်ဖိကာတို့လိုက်ပြီးမှ ပုဝါကိုလည်ပင်းမှာပြန်လည်သိုင်းပတ်ချည်နှောင်လိုက်သည်။ထို့နောက်တိုက်ပြီးသား သွားတိုက်တံကို မျက်နှာသစ်ကြွေဘေစင်အနောက်ရှိနံရံမှ ပလတ်စတစ်ခွက်လေးထဲလှမ်းစိုက်လိုက်ပြီး မှန်ထဲမှ ကိုယ့်မျက်နှာကိုယ်သေချာကြည့်မိ၏။" အသားတွေခြောက်နေသလိုပဲ .. မဖြစ်သေးပါဘူး နားရက်လေးတော့ skincare သေချာလုပ်ဦးမှပါပဲ .."
တစ်ကိုယ်တည်းရေရွတ်ရင်း ရေချိုးခန်းမှထွက်ကာအခန်းထဲပြန်ဝင်လိုက်တော့ မရွှေပိုး ကတော့ကုတင်ပေါ်မှာမှောက်လျက်သားအတိုင်း အိပ်မောကျနေဆဲ။ ညကတစ်ညလုံးမူးပြဲကာသောင်းကျန်းထားတာ သူမဟုတ်
သည့်အတိုင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်သည်မှာအိမ်မက်ထဲမှာကမ္ဘာတောင်ပတ်နေပြီထင်၏။
မှန်တင်ခုံရှေ့တွင်အသာအယာဝင်ထိုင်လိုက်ပြီး ခုံပေါ်မှာအစီအရီရှိနေသော
toner,serum ,essences ,suncreamဘူးများကိုတစ်ဘူးဆီဖွင့်ကာအနံ့ခံကြည့်ရင်း ဘာအရင်စလိမ်းရမှန်းမသိဖြစ်နေမိပြန်သည်။ဘူးတိုင်းလိုလိုရွှေပိုး အကြံပေးသမျှဝယ်ဖြစ်တာချည်းဖြစ်သလိုအခုထိ skin care နှင့်ပတ်သက်ပြီးမကျွမ်းကျင်သမျှ သူငယ်ချင်းမ ကိုပဲဆရာတင်နေရဆဲ။
တစ်ဘူးစီအနံ့လိုက်ခံကြည့်နေမိပြီးမှ နောက်ဆုံးMoisturizer ခပ်ပါးပါးပုတ်လိမ်းကာ လည်ပင်းမှာပတ်ထားဆဲတဘတ်ကို ချိတ်မှာသွားပြန်ချိတ်ပြီး အခန်းတံခါးဖွင့်ကာ မီးဖိုခန်းရှိရာဘက်သို့ထွက်လာခဲ့လိုက်သည်။
သူမ နေထိုင်ရာတိုက်ခန်းလေးမှာ အိပ်ခန်းတစ်ခန်း ဧည့်ခန်း ထမင်းစားခန်းနှင့်မီးဖိုခန်းတွဲလျက်ပါပြီး ပြောရလောက်အောင်
မကျယ်ဝန်းသော်လည်းကျဥ်းတော့မကျဥ်းပါ။တိုက်ခန်းပိုင်ရှင်အန်တီမိုးကလည်း ရွှေပိုး အဒေါ်ဝမ်းကွဲတော်စပ်နေသူမို့ စပေါ်လည်း
မယူဘဲတစ်လချင်းသာ လခ ယူပေးသည်မို့အဆင်ပြေသထက်ပြေသွားရသည်။
တိုက်ခန်းက ကန်ထရိုက်တိုက်ဖြစ်ပြီး
သုံးလွှာရှိကာ တစ်လွှာတွင်အခန်းသုံးခန်းစီရှိသည်။ သူမ က သုံးလွှာဘယ်ဘက်ခြမ်းအခန်းတွင်နေတာဖြစ်ပြီး သူမ အခန်းနှင့်မျက်စောင်းထိုးရှိအခန်းတစ်ခန်း သာလွတ်နေသေးလျက်ကျန်အခန်းတိုင်းကလူအပြည့်ဖြစ်သည်။အပိုင်ဝယ်နေသူများရှိသလို သူမ ကဲ့သို့ပင်ငှားနေသူများလည်းရှိကြသည်။
အန်တီမိုးကမြေပိုင်ရှင်ဖြစ်ပြီး အခန်းများကိုအန်တီမိုးနှင့်တိုက်ခန်းဆောက်သည့်ကန်ထရိုက်တို့တစ်ဝက်စီပိုင်ကြသည်လို့တော့ ရွှေပိုး တစ်ခါကပြောဖူး၏။
အန်တီမိုး ကတော့ဒီရပ်ကွက်မှာမနေဘဲ
ရွှေပိုး နှင့်တစ်လမ်းထဲမှာပဲ သူမမိသားစုနှင့်
နေထိုင်သည်။ တိုက်ခန်းများကိုပြန်တော့
မရောင်းဘဲအခန်းငှားစားခြင်းဖြစ်သည်လို့လည်း ရွှေပိုး ကပြောပြသေး၏။
ဘယ်လိုပဲဖြစ်ဖြစ် နယ်မြို့လေးကနေရန်ကုန်ရောက်လာပြီးတစ်ကိုယ်တည်းရုန်းကန်ရှင်သန်ရသည့်ဘဝမှာ အကူအညီပေးသည့်အတွက် အန်တီမိုး ကို သူမကျေးဇူးတင်မိသည်ကတော့အမှန်ပဲဖြစ်သည်။
YOU ARE READING
You 're My Destiny💌
Romance"တစ်ခါတစ်ရံလမ်းတစ်ခုကိုချိုးကွေ့ပြီးလျှောက်လှမ်းလိုက်တာကပိုလှတဲ့အိမ်မက်တွေမက်နိုင်ဖို့အတွက်တဲ့ .. သိပ်အများကြီးလောဘမကြီးပါဘူးမောင့်အတွက် အိမ်မက်လှလှလေးတစ်ခုဖြစ်ချင်ခဲ့ရုံပါပဲ .." 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 "အချစ်ကိုအလှပဆုံးထိတွေ့ခံစားနိုင်ဖို့မိန်း...