မှီတွယ်ရာလက်ကလေးတစ်စုံ..☘

10.3K 405 50
                                    

 

မျက်နှာပေါ်တွင်ကျန်နေရစ်သည့်ရေစက်ရေပေါက်များအားအပြာရောင်နုနုတဘက်နှင့်သုတ်လိုက်ပြီးနောက်ချိတ်မှာပြန်ချိတ်ထားလိုက်သည် ..။သွားတိုက်ပြီးဖြစ်ပေမယ့်ပလုတ်ထပ်ကျင်းလိုက်ကာအနည်းငယ်မသပ်မရပ်နိုင်စွာပတ်တီးစည်းထားသည့်လက်ကိုလည်းရေစိုမည်စိုး၍သတိထားရသေး၏ ..။
      သူမ လာပေးခဲ့သည့်ဆေးတစ်ချို့ကိုဖြစ်သလိုပဲလိမ်းလိုက်ပေမယ့်ပတ်တီးစည်းရတာတော့ သူ့အတွက် တော်တော်အဆင်မပြေပါ ..။ ကိုယ့်သဘောအတိုင်းသာဆိုလျှင်
ဒီဒဏ်ရာလောက်နဲ့နုရွနေလိမ့်မည်
မဟုတ်ပေမယ့်နောက်ရက်မှာများမတော်တဆပြန်တွေ့လျှင်
" ဆေးမထည့်ဘူးလား .. ပတ်တီးစည်း
မထားဘူးလား .." ဆိုပြီးစိုးရိမ်တကြီးမျက်ဝန်းတို့နှင့်မေးခွန်းထုတ်လာဦးမည်ဆိုတာအသေအချာပဲမို့မေးလာခဲ့လျှင်လည်း
ပြလိုက်ရုံပင် ..။
ခြံဝန်းတစ်ခုတည်းထဲမှာနေကြသူ
များဖြစ်နေသည်မို့တစ်နည်းမဟုတ်တစ်နည်းဆုံလိမ့်ဦးမည်ဆိုတာလည်း သူ ..အသေအချာသိနေ၏ ..။
     ညိုလင်းခေတ် သည်လေးထောင့်သဏ္ဍာန်မှန်ချပ်ထဲမှာမြင်နေရသည့်ကိုယ့်ကိုကိုယ်
တစ်ချက်မျှကြည့်လိုက်ပြီးနောက်ရေချိုးခန်းထဲမှထွက်လာခဲ့သည် ..။
သူ့ အတွက် အတွက်မနက်စာသည်
ကော်ဖီနှင့်ပေါင်မုန့်ညိုနှစ်ချပ်လောက်ဆိုလျှင်
လုံလောက်ပြီမို့ကော်ဖီဖျော်ရန်ရေနွေးအရင်ကျိုဖို့တွေးလိုက်သည် ..။
ရေချိုးခန်းရှေ့မျက်နှာစာရှေ့တွင်ရှိသောမီးဖိုခန်းဆီသွားဖို့ပြင်လိုက်ပြီးမှကတည်းက
စက်ပိတ်ထားခဲ့သည့်ဖုန်းကိုသတိရသွားကာ
အိပ်ခန်းတွင်းသို့ပြန်ဝင်ခဲ့၏ ..။ အိပ်ယာ
နံဘေးရှိစားပွဲပုလေးပေါ်မှာဖုန်းကိုကောက်ယူ
လိုက်ပြီး power ဖွင့်လိုက်သည် .. ။ ဆက်တိုက်ဝင်လာသည့် message များက မမ ဆီမှ miss  call များအပြင် လူမင်းပိုင် ကလည်းခုနစ်နာရီလောက်ကစပြီးငါးကြိမ်ခန့်ခေါ်ထားပြန်သေးသည်မို့ သူ ၏မျက်ခုံးတန်းတို့တွန့်ချိုးသွားရ၏ ..။
လူမင်းပိုင် သည်လေးသော်၏လုပ်ငန်းခွင်တွင်ဝင်ကူနေသလို သူလည်းကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသည်မို့သူတို့ချင်းမဆုံဖြစ်တာတောင်အတော်ကြာပြီဖြစ်သည် ..။
မနေ့က နေ့လယ်ဘက် Group chatထဲမှာ
ပို့ထားသည့်စာများအရတော့ဒီကောင်ဒီနေ့
အလုပ်ကိစ္စနှင့်ပြင်ဦးလွင်ဘက်ဆင်းမှာဖြစ်သည် ..။ ထင်ကြီး က ခေါပုတ်ဝယ်လာဖို့မှာနေသဖြင့်ထုံးစံအတိုင်း
နှစ်ကောင်သားကိုက်နေကြသေး၏ ..။
အခုရှစ်နာရီတောင်ခွဲနေပြီဆိုတော့သွား
လောက်ရောပေါ့ ..။ သူ သည်မနက်ခုနစ်နာရီဝန်းကျင်ဆိုနှိုးစက်မလိုဘဲအိပ်ယာနိုးနေကျဖြစ်ပါသည် ..။ သို့သော် .. ညတုန်းကဂစ်တာကိုင်ကာသီချင်းရေးဖို့လုပ်သော်လည်း
မတည်ငြိမ်နိုင်သည့်စိတ်အစဥ်ကြောင့်ဘယ်လိုမှအာရုံစုစည်း၍မရပေ .. ။
နောက်ဆုံးတော့တောင်စဥ်ရေမရအတွေးများစွာနှင့်စီးကရက်ထိုင်သောက်ရင်းမနက်
တစ်နာရီထိုးသွားခဲ့သည် ..။
ထို့ကြောင့် .. ဒီမနက်မှာတော့
အိပ်ယာထချိန်နောက်မကျစဖူးနောက်ကျသွားလေ၏ ..။
လူမင်းပိုင် သည်မနက်အစောကြီးမှာ
တောင်ဒီလောက်အထိဖုန်းတွအသည်းအသန်ခေါ်ထားသဖြင့်ဘာတွေများအရေးပေါ်ဖြစ်နေသလဲမသိပြန်ပြီမို့ သူ ဖုန်းပြန်ခေါ်လိုက်၏ ..။

You 're  My Destiny💌Where stories live. Discover now