အပိုင်း ၂၅ (U&Z)

1.8K 178 0
                                    

(Unicode)

*ကော...

ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် အလိုလိုပင် ပြေးဖက်မိ​ေတာ့သည်။

မိမိ လည်တိုင်ကို တင်းတင်းကြပ်ကြပ် လာဖက်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က အသာအယာပင် ပြန်ဖက်ထား လိုက်သည်။

*ဘာဖြစ်လို့လဲ ကော...တခုခုများ ဖြစ်လို့လား...

*ဟင့်အင်း...ဒီအတိုင်း...

ဝမ်ရိပေါ်က ပြုံးကာ လန်စစ်ကျွေးကို မျက်ရိပ် ပြလိုက်သည်။ လန်စစ်ကျွေးကလည်း အလိုက်တသိပင် ဦးညွှတ်ကာ ထွက်သွားလေသည်။ ထိုအခါမှ ရှောင်းကျန့်ကို ပွေ့ချီကာ ကုတင်ပေါ်ကို တင်လိုက်သည်။

*ကော လက်တွေကို...ဖြုတ်ဦးလေ...ဘယ်လို ထိုင်မလဲ...

*ဟင့်အင်း...ဒီအတိုင်းပဲ ေန...

ကလေးပေါက်စလေးလို ပြောနေတဲ့ ရှောင်းကျန့်ကို ပေါင်ပေါ်တင်ပြီး ကျောပြင် ကို ဝမ်ရိပေါ်က ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။ 

*ဘာဖြစ်နေတာလဲ ကောရယ်...တခုခု လိုချင်လို့လား...အဆင်မပြေတာ ရှိလို့လား...

*ရိပေါ်...မင်း ဘာလို့ ငါ့အပေါ် ကို...အရမ်း ကောင်းရတာလဲ...ငါ ဒီလောက် မင်းကို ငြင်းဆန်နေတာ တောင်မှလေ...ဟင်...

*အဟင်း...ကော မို့လို့ပေါ့...ကျွန်တော့်ဘဝရဲ့ အရေးပါလေး...မရှိ မ​ြဖစ်လေးမို့ပေါ့...

*တကယ်လို့များ...တချိန်ချိန်မှာ...ငါက မင်း မယုံကြည်နိုင်လောက်အောင်...ပြောင်းလဲသွားမယ် ဆိုရင်ရော...မင်း အခုလိုပဲ ရှိ​ေနမှာလား...

ရှောင်းကျန့်က တိုးညှင်းစွာ မေးလိုက်သည်။

*အဟား...ဘာလဲ...ကောက မိစ္ဆာကြီး ဖြစ်သွားမှာလား...ဒါမှ မဟုတ်...ဖုတ်ကောင်တွေကို ဖန်တီးမလို့လား...

*ဟင်...
အဲ့...အဲ့လို ဆိုရင်ရော...

ဝမ်ရိပေါ်က ပြုံးလိုက်ရင်း မျက်လုံးလေး ပြူးကာ ကြည့်နေတဲ့ ရှောင်းကျန့် မျက်နှာကို ဆွဲယူကာ စေ့စေ့ ကြည့်လိုက်သည်။

*မပူနဲ့...အဲ့လို ဆိုရင်တောင် ကျွန်တော်ပါ ကောနဲ့အတူ...အဆုံးအထိ သွားမယ်...ဘယ်တော့မှ ကောနဲ့ ခွဲမသွားဘူး...ကျွန်တော့်ကိုလည်း မထားခဲ့နဲ့...

You and l ; in unseen side (အခြားတဖက်မှာ မင်းနဲ့ငါ) (U&Z) - CompletedDove le storie prendono vita. Scoprilo ora