အပိုင်း ၂၆ (U&Z)

1.8K 173 0
                                    

(Unicode)

မိမိ ရင်ခွင်ထဲမှာ လျော့ရဲရဲ မှီကာ ငြိမ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က စိတ်မချစွာ ကြည့်သည်။

*ကော...အဆင်ပြေရဲ့လား...
လာ...ခုံမှာ ထိုင်ရအောင်...

ရှောင်းကျန့်က ခေါင်းခါ ပြလိုက်ရင်း ဝမ်ရိပေါ် ခေါ်ဆောင်ရာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ရှောင်းကျန့် လက်လေး နှစ်ဘက်ကို ဝမ်ရိပေါ်က ဆုပ်ကိုင်ကာ အားပေးသည်။

*ဘာဖြစ်လို့လဲ ကောရယ်...ဘာတွေ ဖြစ်ခဲ့လို့လဲ...ကျွန်တော့်ကို ပြောပြလေ...ဒီလိုကြီး မနေပါနဲ့...

*ငါ...ငါ မင်းကို ပြောပြရမှာ အားနာတယ်...နောက်ပြီး ငါက ယောကျာ်းတယောက် ဖြစ်ရဲ့နဲ့...မိန်းမ တယောက်အကြောင်းကို...ကွယ်ရာမှာ ပြောတယ်လို့...အပြော မခံချင်ဘူး...

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လက်ကို ပြန်လည် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

*မဟုတ်တာ...အဲ့လိုတွေ ကောတွေးနေရင်...​ေကာ တယောက်ထဲ ပူပန် နေရမှာပေါ့...ကျွန်တော့်ကို ပြောပြပါနော်...ကော ခံစားရ သမျှ ကျွန်တော့်ကို ပြောပြ...ဟုတ်ပြီလား...

မော့မော့လေး ကြည့်နေတဲ့ ရှောင်းကျန့် နှာဖူးပြင်ကို ဝမ်ရိပေါ်က ကြင်နာစွာ နမ်းလိုက်သည်။ ရေှာင်းကျန့်က တိုးညင်းစွာ ပြောသည်။

*ရိပေါ်...တကယ်တော့လေ...

တကယ်တော့ ဒီနေ့ ရှောင်းကျန့် နန်းဆောင်မှ အဖြစ်အပျက်ကို ဝမ်ရိပေါ် သိပြီးသား ဖြစ်သည်။ လန်စစ်ကျွေး လာခေါ်ကတည်းက အဖြစ်အပျက် အားလုံးကို သူ့အား တလမ်းလုံး ပြောပြခဲ့ပြီး ဖြစ်သည်။ သို့သော် ရှောင်းကျန့် စိတ်ထဲမှ တုန်လှုပ်စိတ်ကို လျော့ပါးစေဖို့ ဝမ်ရိပေါ်က ပြောခိုင်းနေခြင်း ဖြစ်​ေလသည်။

*အဲ့တော့ ကောက ဘာကို ကြောက်တာလဲ...သူ ပြောသလိုမျိုး ကျွန်တော်က...ကောကို ငြင်းလိုက်မှာ စိုးနေတာလား...

*ဟင်...

ရှောင်းကျန့် ဖြေရခက်စွာ ငြိမ်နေမိသည်။ သူကိုယ်တိုင်လည်း မဝေခွဲတတ်တော့။

ငါ တကယ်ပဲ...အဲ့ဒါကို စိုးရိမ်နေတာလား...

*စိတ်ချ...ကျွန်တော်ကတော့ ကောကို ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး...ကော ငြင်းရင်တောင်မှ...အခုလို မရ အရ...လက်ထပ်ယူမှာ...ကောက ကျွန်တော့် အပိုင်...အဲ့လိုပဲ...ကျွန်တော်ကလည်း ကော အပိုင်...ဘယ်တော့မှ မပြောင်းလဲဘူး...ဟုတ်ပြီလား...

You and l ; in unseen side (အခြားတဖက်မှာ မင်းနဲ့ငါ) (U&Z) - CompletedTempat cerita menjadi hidup. Temukan sekarang