အပိုင်း ၃၄ (U&Z)

2K 183 1
                                    

(Unicode)

ဝမ်ရိပေါ်က အိပ်ရာပေါ်ကို ညင်ညင်သာသာလေး ချပေးလိုက်ပေမယ့် နာကျင်​ေနတဲ့ ဒဏ်ကြောင့် ရှောင်းကျန့် မျက်နှာလေး ရှုံ့မဲ့နေတော့သည်။

*ကော...အဆင်ပြေရဲ့လား...နေလို့ရရဲ့လား...

*အင်း...ရပါတယ်...
ဒါနဲ့...ဒီ...နေရာ...က...

ရှေးဆန်ပြီး ရင်းနှီးနေတဲ့ အခန်းကြောင့် ရှောင်းကျန့် မေးလိုက်သည်။

*အရှင်...ဆေးရပါပြီ...

အခန်းထဲ ဝင်လာတဲ့ အမျိုးသမီးကြီးကြောင့် ရှောင်းကျန့် မျက်လုံးများ ဝိုင်းသွားရသည်။

လန်စစ်ကျွေးရဲ့ ဖွားဖွား...

*ဖွားဖွား...ဖွားဖွားက ဘယ်လိုလုပ်ပြီး...

*ကျွန်မက အရှင့် အစေအပါးပါ...

*အရှင့်...အစေအပါး...

ရှောင်းကျန့်က တိုးတိုးလေး ရေရွတ်ကာ ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။

*တော်ပါတော့ ကောရယ်...အများကြီး မေးပြီး...အများကြီး မတွေးပါနဲ့...​ေကာ ဒဏ်ရာတွေက နာနေတယ် မဟုတ်လား...
လာ...ဆေးသောက်ရအောင်နော်...

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပွေ့ထူပြီး ဖွားဖွား လက်မှ ဆေးပန်းကန်ကို ​လှမ်းယူလိုက်သည်။ ဖွားဖွားက အခန်းလေးထဲမှ တိတ်ဆိတ်စွာ ​ြပန်ထွက်သွားလေသည်။

ဂရုတစိုက် ရှိလွန်းတဲ့ ဝမ်ရိပေါ်ရဲ့ရင်ခွင်ကို မီရင်း ရှောင်းကျန့်က ကြည်နူးစွာ ပြုံးမိသည်။

*ရိ​ေပါ်...မင်း ကောကို...အရမ်းချစ်တာပဲလား ဟင်...

*အင်း...ပြော မပြတတ်အောင် ချစ်တာပေါ့...အမြဲ ထွေးပွေ့ ထားချင်​ေနမိတဲ့ အထိကိုပဲ...

*ငါက မင်းထက် အသက်ကြီးတယ်နော်...မင်းထက် အရင် အိုသွားမှာ...မင်း စိတ်ပျက်နေမှာလား...ရိပေါ်...

*အင်း...

*ဘာ...
အ...

ဝမ်ရိပေါ် ရဲ့ အဖြေကြောင့် ရှောင်းကျန့်က အလန့်တကြား လှည့်ကြည့်မိသည်။ ရုတ်တရက်မို့ ဒဏ်ရာက နာသွားသည်။

*အာ...ကောရယ်...
ကျွတ်...ကျွတ်...အရမ်း နာနေလား...မှန်းစမ်း...

ကလေး ချော့သလို ဝမ်ရိပေါ်က ရှောင်းကျန့် လက်လေးများကို ဖွဖွလေး ပွတ်ပေးလိုက်သည်။

You and l ; in unseen side (အခြားတဖက်မှာ မင်းနဲ့ငါ) (U&Z) - CompletedTempat cerita menjadi hidup. Temukan sekarang