1

728 51 0
                                    

"Doyoung မင်း လုပ်ချလိုက်ပြန်ပြီ "

"hyung ကျွန်တော့်ကို အပြစ်မတင်နဲ့ နော်
ဒါ ကျွန်တော့်အပြစ်မဟုတ်ဘူး ကျွန်တော်မှ
ဘယ်သူနဲ့မှ မဒိတ်ချင်တာ "

Yuta hyung က သက်ပြင်းချသည်

"ငါ မင်းကို ပျော်စေချင်တယ် Doyoung"

"ကျွန်တော် အခုလည်း အဆင်ပြေနေတာပဲလေ
အလုပ် ပြန်ဖွင့်ရင် အလုပ်သွားမယ် ပြန်လာရင်
ဇာတ်ကားကြည့် တယ် ပိတ်ရက်ရောက်ရင်
စားချင်တာတွေမှာစား တယ် သွားချင်တဲ့
နေရာ တွေသွားတယ် ကဲပြော ကျွန်တော့်ဘ၀
လောက် ပြည့်စုံနေတာ ကျွန်တော်ပဲရှိတယ် "

"အရူးလေး အဲ့ဒါဆို မင်းရဲ့ ဟို ဓာတ်ပုံ
Album ကို ငါခုချက်ချင်း မီးရှို့ပစ်မယ် "

"ဘာဆိုင်လို့လဲ hyungကလည်း"

"ဘာဆိုင်လို့လဲ ဟုတ်လား အဲ့ဓာတ်ပုံAlbum
ထုတ်ကြည့်တဲ့ နေ့ဆို မင်းက အလောင်းကောင်
ကြီးလိုပဲ ဖြစ်ဖြစ်သွားတာလေ ငါစိတ်မချမ်းသာ
ဘူး Doyoung ရဲ့ မင်းကလေ ကိုယ့်ကိုယ်ကို
အဆင်ပြေလှပြီ ထင်နေတာ တကယ်တော့
မင်းက မဟုတ်သေးဘူး"

"ဒါပေမယ့် ကျွန်တော်ခုလည်း အဆင်ပြေနေတာပဲကို"

"ငါ တောင်းဆိုတာပါ မနက်ဖြန် Blind Date
ကိုတော့ Join ပေးပါ "

"ဘာလို့ ခုထိ လက်မလျှော့ သေးတာလဲ
ကျွန်တော်လည်း စဉ်းစားလို့ကို မရဘူး"

"ငါ ကတိပေးတယ် မင်းမနက်ဖြန် သွားကြည့်ပါ
မင်း သဘောမကျရင် တမ်း ထွက်လာခဲ့
ငါမင်းကို တခနပဲ ဖြစ်ဖြစ် ပျော်စေချင်တယ် "

"Ok!Ok မြန်မြန်ပြီးမှ မြန်မြန်အေးမှာ
ကျွန်တော် သွားကြည့်လို့ သဘောမကျရင်
နောက် မစီစဉ်နဲ့တော့နော် "

"Ok! ဟိဟိ "

တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ကာ ထွက်သွား
တဲ့ Yuta ကို ကြည့်ရင်းး Doyoung
က အနည်းငယ် ပြုံးလိုက်မိသည်
Yuta hyung က သူ့အတွက်
အကိုလိုမျိုး ညီလိုမျိုး သူငယ်ချင်းလိုမျိုး
အမြဲ ရှိနေပေးခဲ့တာ အဲ့တာကြောင့်
Yuta hyungရဲ့ စိတ်အားထက်သန်နေမှု
တွေကို သူက အလိုလိုက်ပေးချင်ခဲ့တယ်

Doyoung က မနက်ဖြန်Dateအကြောင်း
စဉ်းစားနေရင်းး သူ့ရဲ့ တစ်စုံတစ်ယောက်ကို
သတိရသွားခဲ့သည် ဒါ့ကြောင့် သူက
ဓာတ်ပုံ Album လေးကို ပြန်ကြည့်ဖို့
စဉ်းစား ခဲ့ သည် ခုအချိန်က အတိတ်မှာ
မျောလွင့်နေဖို့ အချိန်ကောင်းလေး မလားးး

ဓာတ်ပုံတွေထဲက ပါးချိုင့် ရေးရေးလေး
ပေါ်အောင် ပြုံးနေတဲ့ ကောင်လေးက
ခုချိန်ဆို အရာရာမှာ နေသားကျပြီး
ပျော်ရွှင်နေဖို့ကို သူက အများကြီး မျှော်လင့်နေတယ်

ပျော်နေတယ် မလားး Jaehyunie
___________________________________

My Ex-boyfriend Where stories live. Discover now