Final

420 39 0
                                    

သူတို့ လေးယောက်က ညစာ စားဖို့ စီစဉ်ကြတော့
တယ် WinWin နဲ့Yutaကဝောာ့
လိုအပ်တာတွေ သွား၀ယ်ဖို့ ထွက်သွားကြပြီး
Jaehyun နဲ့ Doyoung ကတော့
မီးဖိုခန်းထဲမှာ ပြင်စရာရှိတာ ပြင်နေခဲ့ကြတယ်

Jaehyun က သူ့ကို လှည့်ကြည့် လှည့်ကြည့်
လုပ်နေတာကြောင့် Doyoung က
ဘာလဲလို့ မေးလိုက်တော့ Jaehyunက
ပြုံးရင်းး ခေါင်းခါပြတယ်

"Jaehyun မင်း မေမေရော အဆင်ပြေရဲ့လား"

"အင်း မေမေက ခု သူ့ရဲ့ မွေးရပ်မြေမှာ
သူ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး ပျော်နေတာ "

"ကောင်းပါတယ် "

ရေခဲသေတ္တာ ဖွင့်မလို့ ပြင်နေတဲ့ Doyoung
ကို ဆွဲလှည့်လိုက်ရင်းး

"မေမေက Doyoung နဲ့ ပြန်ဆုံတယ်ဆိုရင်
လက်မလွှတ်ဖို့ ကျွန်တော့်ကို ပြောတယ် သိလား"

Jaehyun က တဖြည်းဖြည်း ကပ်လာတာကြောင့်
Doyoung ရဲ့ကျောပြင်က ရေခဲသေတ္တာကို
ကိုတောင် ထိကပ်နေပြီ

"အရမ်း တိုးမလာနဲ့ "

Jaehyun က ပြုံးလိုက်ရင်းး သူ့ရဲ့
နှုတ်ခမ်း ကို အသာအယာ ထိကပ်လိုက်သည်

"ဆေးစရာရှိတာ သွားဆေးတော့ Yuta
hyung တို့ ကပြန်လာတော့မှာ"

ဒါပေမယ့် Jaehyun က သူ့စကားကို
နားမထောင်ခဲ့ပါဘူး ရုန်းချင်နေတဲ့ သူ့လက်တစ်ဖက်
ကိုတောင် ဆွဲကိုင်လိုက်ရင်းး သူ့ ရဲ့ လည်ပင်း
ပေါ်မှာ ထားပေးလိုက်သေးတယ်
နှစ်ယောက်စလုံးက တကယ်ကို ပတ်၀န်းကျင်ကို
မေ့ သွားခဲ့ကြတယ်

ခနကြာတော့ သူတို့က ဘာမှ မဖြစ်ခဲ့ကြသလိုပဲ
အေးအေးဆေးဆေး ဧည့်ခန်းဆီ
ထွက်လာကြတော့ အထုတ်တွေနဲ့ ထိုင်နေတဲ့
နှစ်ယောက် ကို တွေ့ရရော

"ကျွန်တော်တို့ ပြင်စရာရှိတာ ပြင်ပြီးသွားပြီ
hyung တို့ ဘာထိုင်လုပ်နေကြတာလဲ
ရောက်နေတာကို အထဲ မ၀င်ပဲ "

Doyoung က သူ့ဟာသူ ပြောပြီးခါမှ
သူ့ကိုယ်သူပဲ ပါးပိတ်ချချင်သွားသည်

ခေါင်းကြီးငုံ့သွားပြီး နားရွက်ကလေးတွေနီရဲလာ
တဲ့ Doyoung ကို ကြည့်ရင်း
Jaehyun က ပါးချိုင့်နက်နက် ပေါ်သည်အထိ
ပြုံးနေ၏

"ကျွန်တော် တို့ ဘာမှ မမြင်လိုက်တာမို့
hyung မရှက်ပါနဲ့ "

WinWin ထပြောလိုက်တဲ့ စကားကြောင့်
Yuta ရော Jaehyun ရောပဲ ထရယ်ကြပြီး
Doyoung က ခေါင်းကို ဖော်မလာတော့ပေ
-------------------------------------------------
"ကျွန်တော် ရော WinWin ရော
ဒီမှာ ပဲ အလုပ်ပြန်လျှောက်ဖို့ ဆုံးဖြတ်ထားတယ်"

Jaehyun ပြောလာတဲ့ စကားကြောင့်
Yuta နဲ့ Doyoung က TVကနေ
ချက်ချင်း အကြည့်ခွာလာကြတယ်

"မင်းတို့ အဲ့လို လုပ်ဖို့ မလိုပါဘူး
ငါနဲ့Doyoung က မင်းတို့ဆီ လာတွေ့မှာပေါ့"

"ငြင်းဖို့ မကြိုးစားနဲ့ Yuta hyung
ကျွန်တော်ရော Jaehyun ရော ဟိုကနေ
အလုပ်ထွက်လိုက်ကြပြီ နောက် နှစ်ရက်
လောက်နေရင် ဒီက လျှောက်ထားတဲ့
Result တောင် ကျလာတော့မှာ "

Jaehyun ကတော့ ဘာမှ မပြောပဲ
Doyoung ကိုပဲ ကြည့်နေသည်
Doyoung တခုခု‌ပြောတာ ကြားချင်ပုံရသည်

"Jaehyun မင်း သဘောပါ "

"တကယ် အဆင်ပြေရဲ့လား hyung"

"အဲ့တာက ငါမင်းကိုမေးရမှာလေ မင်းအဲ့လို
လုပ်ချင်တယ်ဆို လုပ်ပေါ့ ငါမင်း ဆုံးဖြတ်ချက်
တွေကို လေးစားပေးရမယ်ဆိုတာ ငါသိလာပြီ"

Jaehyun က ဒီနားမှာ သူတို့နှစ်ယောက်ပဲသာ
ရှိရင် Doyoung ရဲ့ နဖူးကို ခုပဲ နမ်းပစ်မိ
မှာ သေချာတယ်
သူတို့နှစ်ယောက်က အဆင်ပြေသွားတော့
WinWin ကလည်း Yuta ကို
ကြည့်လာသည်

"Winwin နီးပျော်တာ သေချာရင်
ငါက ဘာမှ ငြင်းစရာမရှိပါဘူး "

ဆွေးနွေးခန်းက အဆင်ပြေသွားတော့
Yuta နဲ့ WinWin ကတော့ ပြန်သွားကြသည်
Jaehyun ကတော့ အလွမ်းမပြေသေးဘူး
ဆိုပြီးး Doyoung နဲ့ နေခဲ့ တာပဲ

"မင်း တကယ် အဲ့လိုလုပ်ချင်တာလားးး"

"ကျွန်တော် တကယ် ဒီမှာ hyung နဲ့ နေပြီး
အလုပ်လုပ်ချင်တယ် hyung "

"ဟုတ်ပါပြီ "

"ထားမသွားနဲ့ တော့ "

"အင်း ငါမင်းကို သေချာပေါက် လက်မလွှတ်တော့ဘူး"

"ချစ်တယ် "

"ငါလည်း ချစ်တယ် "

သူတို့ နှစ်ယောက်က ညလုံးပေါက် စကားတွေ
ပြောနေခဲ့တယ် တစ်ယောက်ဘေးမှာ
တစ်ယောက် မရှိတဲ့အချိန်တွေတုန်းက
အဖြစ်အပျက်တွေ ကို ပြန်ပြောရင်းးး
သူတို့က သိပ်လွမ်းနေခဲ့ကြောင်း ဖော်ပြခဲ့
ကြတယ် သူတို့က သိပ်လည်း ပျော်နေခဲ့ကြတယ်
သေချာတာ တခုကတော့ သူတို့က
တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ဖို့
အများကြီး ထိုက်တန်ကြပါတယ်

The End



My Ex-boyfriend Where stories live. Discover now