4

316 38 0
                                    

ခု သူတို့နှစ်ယောက်က Doyoung နေတဲ့
တိုက်ခန်း ထဲမှာ လေ
နှစ်ယောက်ကလုံးက Sofaကိုမှီကာ ထိုင်နေကြ
တာ ဖြစ်၏

"အဲ့အချိန်တုန်းက ကျွန်တော့် ခေါင်းထဲမှာ
ရှိနေတာက hyung ကို သိပ်တွေ့ချင်တယ်
ဆိုတာပဲ ကျွန်တော် hyung နဲ့ မျက်နှာချင်း
ဆိုင် စကားပြောချင်ခဲ့တယ် ကျွန်တော်
ကိုယ်တိုင်က hyung နဲ့ လိုလိုလားလားး
နေချင်ခဲ့တဲ့ အကြောင်း ရှင်းပြချင်ခဲ့တာ
အဲ့လိုမှ မရရင်တောင် ကျွန်တော် မယုံတဲ့
အနေဝေးတဲ့ချစ်ခြင်းမျိုးကို hyung နဲ့တော့
ရင်ဆိုင်ကြည့် ဖို့ ကြိုးစားချင်တဲ့အကြောင်း
ပြောချင်ခဲ့တာ ဒါပေမယ့် hyung ကသိပ်ကို
ပြတ်သားလွန်းတယ် ကျွန်တော့်ကို အခွင့်အရေး
မပေးခဲ့ဘူး တခါလေးတောင်မှလေ "

Doyoung က ထိုစကားတွေကိုကြားတော့
သူ ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်လုံး မှာ
Jaehyun အတွက် လုပ်သင့်တာတွေကို
လုပ်ပေးခဲ့တယ် လို့ ထင်ခဲ့ တာ
ဒါပေမယ့် အဲ့တာက မဟုတ်ဘူးလားးး

သူငြိမ်ကျသွားလို့ ထင်ပါရဲ့
Jaehyun က သူ့ကို မျက်နှာချင်းဆိုင်စေတယ်

"ဒါပေမယ့် ခု ကျွန်တော် hyung ကို
ပြန်ပြီးပိုင်ဆိုင်ရပြီ လေ ကျွန်တော် ရည်ရွယ်ချက်
လည်း ဖြစ်မြောက်သွားတယ် "

"ငါ ငါ တောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ အဲ့အစား ကျွန်တော့်ကို
ထားမသွားနဲ့တော့ "

ဆုပ်ကိုင်လာတဲ့ လက်တွေက နူးညံ့ပြီးး
လုံခြုံ နေတုန်းပဲ သူဟာ မျက်ရည်တောင်ဝဲ ‌မိ
တော့ မလိုပဲ

ခနနေတော့ တံခါးကို password နှိပ်တဲ့
အသံကြားလိုက်ရသည် သေချာပေါက်
Yuta hyung လာတာပဲ ဖြစ်မည်
Yuta hyung ကိုစဉ်းစားမိသွားခါမှ
သူ‌သိချင်တဲ့ အရာတွေက ခေါင်းထဲ ပြန်ရောက်
လာခဲ့ သည် Blind Dateက အတုအယောင်
တခု လားး?

ဒါပေမယ့် တံခါးဖွင့်ပြီး ၀င်လာတာက
Yuta hyungတစ်ယောက်တည်း မဟုတ်ပေ
Doyoung နဲ့ ဆုံဖူးတဲ့ Yuta hyungရဲ့
ကောင်လေး WinWin ပါ ရောက်လာတာ
ဖြစ်၏ Yuta hyungနဲ့ WinWinက
သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်ကြ၏

"ဘယ်လိုလဲ Doyoung Blind Date
က ကောင်လေးကို အိမ်ထဲပါ ခေါ်လာရပြီလား"

Doyoung က သူ့ရှေ့က တစ်ရှူးဘူးနဲ့
ကောက်ပေါက် လိုက်ကာ

My Ex-boyfriend Where stories live. Discover now